ဖေဖော်ဝါရီ(၂၀)
၁၄-၂-၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် ကွမ်းလုံရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ်၊ ဟိုလီ ကျေးရွာရှိ
မိုးမခကွမ်းယာဆိုင်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေ
များနှင့်အတူဝင်ရောက်ရှာဖွေရာ ဆိုင်အတွင်း၌ ကွမ်းလုံမြို့နယ်၊
ဟိုလီကျေးရွာနေ မမိုးမိုး(၃၆)နှစ်အား တွေ့ရ ပြီး ကွမ်းယာဆိုင်အောက်ထပ်ရှိ
ဝမ်းတီးတံဆိပ်ပါ ဂျပ်ဖာအတွင်းမှ Cash Memo
စာတမ်းဖြင့် ရွှေအိုးတံဆိပ် ပါ ငွေလက်ငင်းဘောက်ချာ၌
ချဲထီဂဏန်းနှင့်ငွေတန်ဘိုးများ ရေးသားထားသည့် ချဲထီဘောက်ချာစာအုပ်(၁) အုပ်၊
ကာဗွန် ၄ ရွက်၊ မြန်မာငွေ ၁၀၀၀ တန် ၁ ရွက်၊ မှတ်စုစာအုပ် ၁ အုပ်၊
သုံးလုံးချဲထီဂဏန်းများရေးသား ထားသော အစိမ်းနုရောင်ဘောက်ချာစာရွက် ၂ ရွက်၊
ပလပ်စတစ်ခြင်းအတွင်းမှ လောင်းကြေးငွေ မြန်မာကျပ် ငွေ ၁၁၇၀၀၀ိ/- တို့အား
ဖမ်းဆီးရမိသဖြင့် ကွမ်းလုံရဲစခန်း(ပ)၁၂/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ
၁၅(က)/၁၆(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:
Post a Comment