ကျွန်းသစ်များသိမ်းဆည်းရမိ
ဖေဖော်ဝါရီ(၂၀)
၁၃-၂-၂၀၁၃ ရက်နေ့ ၁၇၄၅ အချိန် နမ့်စန်မြို့နယ်သစ်တောဦးစီးဌာနမှ
ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နမ့်စန်မြို့နယ်၊
နမ့်လစ်ကျေးရွာအုပ်စု၊ လွယ်စန်ကျေးရွာရှိ စိုင်းလုံပိုင်ဆိုင် သော
ခြံဝင်းအတွင်း ၀င်ရောက်ရှာဖွေရာ ခြံဝင်းအတွင်းမှ ကျွန်းသားဆိုဒ်စုံ ၂၂၃၂
ချောင်း၊ ၁၇.၅၅၃၈ တန် ရှိ ကျွန်းသားများအား တွေ့ရှိပြီး
ခြံဝင်းတွင်းလူတစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသဖြင့် စုံစမ်းရာ အဆိုပါ ခြံဝင်းညစောင့်မှာ နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးပြောင်းဖူး(ခ)ကိုစိုးမင်းနှင့်
အမှတ်(၂)ရပ်ကွက်နေ ကိုစောတို့ဖြစ်ပြီး ကျွန်းခွဲသားများ၏ပိုင်ရှင်မှာ
ကျိုင်းတောင်းမြို့နယ်ခွဲတွင် နေထိုင်သော ဒေါ်ပါလျှံ ဆိုသူ
ဖြစ်ကြောင်းစုံစမ်းသိရှိရသဖြင့် နမ့်စန်ရဲစခန်း(ပ)၁၈/၂၀၁၃၊
ပြည်သူပိုင်ပစ်္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)/၉ ဖြင့်
အမှုဖွင့်အရေးယူထားပြီး သစ်ပိုင်ရှင် အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment