တောင်ကြီး ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ ၂ဝ၁၂ ခုနှစ် နှစ်ပတ်လည် အစည်း အဝေး ထပ်ဆင့် ရှင်းလင်း
ဖေဖော်ဝါရီ(၁၅)
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ အစည်း
အဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့
၂ဝ၁၂ ခုနှစ် နှစ်ပတ်လည် အစည်း အဝေး ထပ်ဆင့် ရှင်းလင်းပွဲ အခမ်း အနား
ကျင်းပရာ ရှမ်းပြည်နယ် အမျိုး သမီး ရေးရာ အဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့်၊ ဥက္ကဋ္ဌ
ဒေါ်ကြည်ကြည်ဝေနှင့် အဖွဲ့ဝင်များ၊ ခရိုင် အမျိုးသမီး ရေးရာ အဖွဲ့
ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့
ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။
အခမ်း အနားတွင်
ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့်က အဖွင့် အမှာစကား
ပြောကြားပြီး ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ် ကြည်ကြည်ဝေက
လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် လုပ်ငန်း
ဆောင်ရွက်မှု တင်ပြချက် များကို ပါဝါပွိုင့်ဖြင့် ပြသပြီး ခရိုင် အမျိုး
သမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ များက လုပ်ငန်း ဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်း
ဆောင်ရွက် နေမှုများကို ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ နာယက
ဒေါ်ဖြူဖြူညွန့်က ဖြည့်စွက် မှာ ကြားကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment