ဝန်ကြီးသစ် ဂျွန်ကယ်ရီက မြန်မာအမျိုးသမီးခေါင်းဆောင်၎ ဦးနှင့် တွေ့ဆုံ
ဖေဖော်ဝါရီ(၇)
အမေရိကန်
ပြည်ထောင်စုမှာ နိုင်ငံခြားရေး ၀န်ကြီးသစ်ဖြစ်လာတဲ့ မစ္စတာ ဂျွန်ကယ်ရီ ဟာ
မြန်မာ အမျိုးသမီးခေါင်းဆောင် တွေကို ၀ါရှင်တန် ဒီစီရှိ
နိုင်ငံခြားရေးဌာနမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက
လက်ခံတွေ့ဆုံခဲ့ပါတယ်။
ဂျွန်ကယ်ရီဟာ မြန်မာအမျိုးသမီးခေါင်းဆောင် ၄ ဦးကို မိနစ်အတော်ကြာ လက်ရှိ
မြန်မာအမျိုးသမီးတွေရဲ့ လုပ်ကိုင် ဆောင်ရွက်နေမှုတွေဆွေးနွေးပြောဆိုရင်း
မြန်မာနိုင်ငံဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာလည်း ထည့်သွင်း ဆွေးနွေး ကြောင်း
ရန်ကုန် အမေရိကန် သံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါ တယ်။
မဇင်မာအောင်အပါအ၀င် မြန်မာအမျိုးသမီးခေါင်းဆောင် ၄ ဦးတို့ဟာ အမေရိကန်ပြည်ထောင်စုကို ယခု သတင်းပတ်မှာ ရောက်နေကြတာဖြစ်ပါတယ်။
ဧရာဝတီဘလော့
No comments:
Post a Comment