ဘီးလူးစီးသော လေယာဉ်ပျံ - Ghost Rider
ဖေဖော်ဝါရီ(၇)
Ghost Rider လို့ ဂုဏ်တင်ခေါ်ဆိုရတဲ့ Lockheed AC-130 က ကြည့်လိုက် ရင်တော့ သာမန် သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စီးအတိုင်းပါပဲ။
သို့ပေမယ့် မိနစ်ပိုင်းအတွင်း ရန်သူတပ်စခန်းတစ်ခုကို ပြာပုံဖြစ်သွားအောင်
တိုက်ခိုက်နိုင်ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ ရက်ပိုင်းအတွင်း ရန်သူတပ်
စခန်းပေါင်း ရာချီကို နှိမ်နှင်းခဲ့တာဆိုတော့ သူ့စွမ်းအင်ကို အထင်မသေးရဲ
ပါဘူး။ တစ်ချိန်တည်းမှာပဲ ပစ်မှတ်ပေါင်း များစွာကို Non stop
ပစ်ခတ်နိုင်ပါတယ်။
၁၉၆၆ ခုနှစ်က စတင်တည်ဆောက်ပြီး ပုံစံတူ
အစီးပေါင်း ၄၇ စီးကို အမေရိကန်တို့ ထုတ်လုပ်ထားပါတယ်။ တစ်စီးရဲ့ 
ပျှမ်းမျှကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၃၀ အထက်ရှိပြီး ယနေ့တိုင်
ခေတ်မှီ အသုံးဝင်နေသေးတဲ့ တိုက်လေယာဉ်၊ သယ်လေယာဉ် ဖြစ်ပါတယ်။ သာမန်
အတိုင်းပျံနေရင် သယ်ယူပို့ဆောင်ရေး လေယာဉ်သက်သက်ပါပဲ။ သို့ပေမယ့်
တိုက်ပွဲမှာတော့ ရေကုန်မီးကုန် ဇာတ်ကြမ်းမယ့်လေယာဉ် ဖြစ်ပါတယ်။
လက်နက်ပြောင်း ၁၀ ခု မက တပ်ဆင်ထားပြီး မြေပြင် ပစ်မှတ်၊ ကောင်းကင်
ပစ်မှတ်များကို ကောင်းကောင်း ပစ်ခတ်နိုင်ပါတယ်။ ဗီယက်နမ်မှာ မြေပြင်
စစ်ယန္တရားပေါင်း ၁သောင်းနဲ့အထက်ကို ဖျက်ဆီးခဲ့တဲ့ လေယာဉ်လည်း ဖြစ် ပါတယ်။
Ghost Rider တစ်စီးလုံး အလုပ်လို့ဖို့အတွက် စစ်သား အယောက် ၅၀
ဝန်းကျင်လောက် လိုအပ်ပါတယ်။ ဗီယက်နမ်စစ်ပွဲ၊ ပါရှန်းပင်လယ်ကွေ့ စစ်ပွဲ၊
အီရတ်စစ်ပွဲ၊ အာဖဂန် စစ်ပွဲတို့မှာ ယနေ့တိုင် အသုံးပြုနေသေးပြီး
အမေရိကန်လေတပ်ရဲ့  ဂန္ဓဝင်မြောက်တဲ့ စစ်လေယာဉ် အဖြစ်
သတ်မှတ် ခံထားရကြောင်း သိရပါတယ်။
International news for myanmar
No comments:
Post a Comment