သွားနှင့် ခံတွင်း ကျန်းမာရေး (အခမဲ့) ကွင်းဆင်း ကုသ ဆောင်ရွက်
မတ်(၄)

ရှမ်းပြည်နယ်
(တောင်ပိုင်း) ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်လောင်း
မြို့နယ်တွင် ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့နှင့်
မြန်မာနိုင်ငံ သွားဘက် ဆိုင်ရာ ဆေးကောင်စီ အဖွဲ့တို့ ပူးပေါင်း၍ သွားနှင့်
ခံတွင်း ကျန်းမာရေး (အခမဲ့) ကွင်းဆင်း စစ်ဆေး ကုသ ဆောင်ရွက်မှုကို မတ် ၂
ရက်နှင့် ၃ ရက်တို့ တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန
အစည်းအဝေး ခန်းမ၌ ဆောင်ရွက် ခဲ့သည်။
အဆိုပါ ကွင်းဆင်း စစ်ဆေး
ကုသမှု အဖွဲ့ကို မြန်မာနိုင်ငံ သွားဘက် ဆိုင်ရာ ဆေးကောင်စီ အဖွဲ့ ဥက္ကဋ္ဌ
ပါမောက္ခ ဒေါက်တာ ပိုင်စိုး ဦးဆောင်၍ အဖွဲ့ဝင် ၃ဝ ဦးဖြင့် လာရောက်ခြင်း
ဖြစ်ပြီး ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ဝင်
ပင်လောင်းမြို့နယ် တာဝန်ခံ ဦးခွန်လှဆန်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းစိုး တို့က လိုအပ်သည့်
အထောက်အကူပြု ပစ္စည်းများအား ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ နောင်တရား
မြို့နယ်ခွဲ တွင်လည်း မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် ကွင်းဆင်း စစ်ဆေး
ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက် ပေးခြင်းဖြင့် မြို့နယ် အတွင်းရှိ သွားနှင့် ခံတွင်း
ဝေဒနာရှင်များ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များ အနေဖြင့် လွန်စွာ
ကြည်နူး ဝမ်းမြောက် ရပါကြောင်း၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့်
အခြေခံ လူတန်းစားများ အတွက် ကျန်းမာရေး စောင့်ရှောက်မှုကို မကြာခဏ ကွင်းဆင်း
စောင့်ရှောက်မှု ပေးခြင်း အားဖြင့် ပြည်သူတို့၏ ယုံကြည် ကိုးစားမှုကို
အပြည့်အဝ ရရှိကြမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment