Pages

Monday, March 4, 2013

ဒုံးကျည်များကို ပစ်ခတ်နိုင်စွမ်း ရှိသော ပြည်တွင်းဖြစ် ပင်လယ်ရေကြောင်း ဆိုင်ရာ မောင်းသူမဲ့ လေယာဉ် အီရန် ထုတ်ဖော် ပြသမည်

မတ်(၄)

အီရန် နိုင်ငံသည် စစ်ဆင်ရေး အတွင်း ရန်သူ၏ တည်နေရာကို ထောက်လှမ်း ဖျက်ဆီး နိုင်ပြီး ဒုံးကျည် ပစ်ခတ်နိုင်စွမ်း ရှိသည့် ပြည်တွင်းဖြစ် ပင်လယ် ရေကြောင်း ဆိုင်ရာ မောင်းသူ မဲ့ လေယာဉ်ကို မကြာမီ ထုတ်ဖော် ပြသသွားမည် ဖြစ်ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အာမက် ဗာဟီးဒီးက ပြောကြား ခဲ့သည်။

ပြည်တွင်းဖြစ် မောင်းသူမဲ့ လေယာဉ်များနှင့် ပင်လယ်ရေကြောင်း ဆိုင်ရာ လေယာဉ်များကို ထုတ်လုပ်ခြင်း သည် အီရန် ကာကွယ်ရေး ဝန်ကြီး ဌာန၏ အရေးပါသည့် လုပ်ငန်းစဉ် များ ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဗာဟီးဒီးက Fars သတင်း အေဂျင်စီသို့ မတ် ၂ ရက်တွင် ပြောကြား ခဲ့သည်။
အီရန် ရေတပ်သည် လက်ရှိ အချိန်တွင် စစ်ဘက်ဆိုင်ရာ ရေယာဉ်များ ပေါ်မှ ပျံတက်နိုင်စွမ်း ရှိသော မောင်းသူမဲ့ လေယာဉ်များကို အောင်မြင်စွာ အသုံးပြုလျက် ရှိကြောင်း သိရ သည်။
အီရန် နိုင်ငံသည် မကြာသေးမီ နှစ်များက ၎င်းတို့၏ ကာကွယ်ရေး ကဏ္ဍတွင် ကြီးမားသော အောင်မြင်မှုများ ရရှိစေရန် လုပ်ဆောင် နိုင်ခဲ့ပြီး အရေးပါသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် စနစ်များကို ပြည်တွင်းတွင် ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။
မိမိတို့ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုသည် အခြား နိုင်ငံများ အပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပေါ် နိုင်ခြင်း မရှိကြောင်းနှင့် နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာ မူဝါဒ သည် ထောက်လှမ်းမှု အပေါ်သာ အခြေခံထား ကြောင်း အီရန် နိုင်ငံက ပြောကြား ခဲ့သည်။
မြ၀တီ

No comments:

Post a Comment