Pages

Sunday, March 24, 2013

တောင်ကြီးမြို့ပေါ်တွင် ဓားထိုးမှုဖြစ်ပွား

မတ်(၂၄)



ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် မတ်လ (၂၃) ရက်နေ့ ညပိုင်းက အဒေါ် ဖြစ်သူအား တူမှ ဓားဖြင့်ထိုးသတ်ခဲ့သည့် အမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ရွှတောင်ရပ်ကွက်၊ နယ်မြေ(၂) သီတာလမ်း၊ အမှတ်(၇/၄၄၇) တွင်နေ ထိုင်သော ကျော်ဇင်ထွန်းသည် မတ်လ (၂၃) ရက်နေ့ ညပိုင်းအချိန်တွင် တစ်အိမ်တည်း အတူနေထိုင်သူ အဒေါ်ဖြစ်သူ ဒေါ်မြင့်ကြည်နှင့် စကားများပြီး အရိုးအသွား ၁၄ လက်မခန့်ရှိသော ဓားဖြင့်ထိုး ခဲ့ရာမှ သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်ထွန်းမှ ဓားဖြင့် ထိုးသွင်းမှုကြောင့် ဒေါ်မြင့်ကြည်သည် ၀မ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ရင်ခေါင်းယာဘက် ထိုးသွင်းဒဏ်ရာ (၁) ချက်တို့ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည့်အတွက် တရားခံ ကျော်ဇင်ထွန်းအား တောင်ကြီးမြို့၊ အမှတ်(၁) ရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
 

No comments:

Post a Comment