Pages

Sunday, March 24, 2013

ကလောမြို့နယ်ရှိ ရွှေလုပ်ကွက်တွင် အလုပ်သမားတစ်ဦး ကျင်းထဲပြုတ်ကျသေဆုံး

မတ်(၂၄)



ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စုရှိ အာရှကမ္ဘာမြေ ရွှေတူးဖော်ရေး ကုမ္ပဏီတွင် မတ်လ (၂၃) ရက်နေ့က အလုပ်သမားတစ်ဦး ကျင်းထဲပြုတ်ကျသေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မတ်လ (၂၃) ရက်နေ့ မနက်ပိုင်းတွင် အာရှကမ္ဘာမြေ ရွှေတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်းရှိ Gold Star ကျင်းတွင်  အောင်သန့်ဇင် (အုတ်တွင်းမြို့နေ) သည် အခြားအလုပ်သမားများနှင့်အတူ အမြင့်ပေ (၄၀၀) ခန့်မှ ကျင်းပေါ်သို့ ကြိုးဖြင့် ပြန်တက်လာစဉ် အမြင့်ပေ (၁၅၀) ခန့်အရောက်တွင် ပြုတ်ကျ သွားခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများနှင့် အလုပ်သမားများမှ ကျင်းထဲသို့ဆင်းပြီး ကြည့်ရာ တွင် အောင်သန့်ဇင်သည် ခေါင်းပေါက်ပြဲ လက်(၀ဲ/ယာ)ကျိုးပြုတ်ကြေမွနှင့် ယာခြေ ဒူးဆစ်မှပြုတ် ဒဏ်ရာများနှင့် သေဆုံးနေကြောင်း တွေ့ရသည်။

သေဆုံးသူ အောင်သန့်ဇင်အလောင်းအား နေ့လည်ပိုင်းတွင် ကလောမြို့၊ ပြည်သူ့ဆေးရုံသို့ နှီးဘုရား နာရေးကူညီမှုအသင်းမှ ကားဖြင့် ပို့ဆောင်ခဲ့ပြီး ကလောရဲစခန်းမှအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

No comments:

Post a Comment