လေပြင်တိုက်ခတ်၍ ကျောင်းဆောင်အမိုးများပျက်စီး
မတ်(၂၃)
၂၂-၃-၂၀၁၃
ရက်နေ ၁၅၀၀ အချိန်မှ ၁၅၀၅ အချိန်ထိ ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင်
လေပြင်း တိုက် ခတ်မှုကြောင့် အမှတ်(၃)ရပ်ကွက်၊ ဈေးလမ်းအမက(၃)မူလွန်ကျောင်းရှိ
အလျား ၁၂၀ ပေ၊ အနံ ၁၇ ပေ သွပ်မိုးအုတ်ကာ တစ်ထပ်ကျောင်းဆောင်တွင်
အမိုးများလန်ထွက်၍ ထုတ်တန်းများ ပြုတ်ကျ ခဲ့သဖြင့်
တန်ဘိုးငွေကျပ်(၁၀)သိန်းပျက်စီး ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု
မရှိကြောင်းနှင့် နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းများက ပြန်လည်ပြုပြင် လျက်ရှိကြောင်း
သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment