Pages

Saturday, March 23, 2013

ဆီဆိုင်မြို့နယ်တွင် WY စာတမ်းပါ ဆေးပြားများ ဖမ်းဆီးရမိ

မတ်(၂၃)



ရှမ်းပြည်နယ် အရှေ့ပိုင်း ဆီဆိုင်မြို့နယ်၊ လိုက်ပေကျေးရွာတွင် မတ်လ(၂၂)ရက်နေ့က တာဝန်ရှိ အဖွဲ့ အစည်းများမှ WY စာတမ်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဘန်းယဉ်ရဲခစန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ် လိုက်ပေကျေးရွာမှ ဦးခွန်မောင်သန်းနေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဦးခွန်မောင်သန်းနေအိမ်အပေါ်ထပ်အိပ်ခန်း၏ ထုပ်တန်းပေါ်တွင် ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပါ အထုပ်(၃)ထုပ်၊ ဆေးပြား(၁၄၀)ပါ အထုတ်(၁)ထုပ် စုစုပေါင်းဆေးပြား(၇၄၀) ပြား ကာလတန်ဖိုးငွေကျပ်(၃၀၀၀၀၀)ခန့်နှင့် ဘိန်းစိမ်း(၁)ကျပ်သားခန့် ကာလ တန်ဖိုးငွေကျပ်(၁၀၀၀၀)တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

စိတ်ကြွရူးသွပ်ဆေးပြားများအား တရားမ၀င်လက်ဝယ်ထားရှိသော ဦးခွန်မောင်သန်းအား ဘန်းယဉ် ရဲစခန်း မှ မူးစိတ်ဥပဒေ ပုဒ်မ ၁၅/၁၉(က) တို့အရ အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။

No comments:

Post a Comment