ထိုင်းနိုင်ငံတွင် အကျဉ်းသားများအား နည်းပညာသုံး လက်ကောက်ဝတ်ကရိယာများ ဝတ်ဆင်စေမည်
မတ်(၂၆)
ထိုင်းနိုင်ငံအကျဉ်းထောင်းများမှ အကျဉ်းသားများကို အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများ တပ်ဆင်ပေးမည့် အစီအစဉ်အား မကြာမီ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
အဆိုပါ အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများဖြင့် အကျဉ်းသားတစ်ဦးချင်းစီ၏
အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖတ်ရှုသိရှိနိုင်ပြီး ၎င်းတို့၏
လှုပ်ရှားမှုကိုလည်း စောင်ကြည့်နိုင်မည်ဖြစ်သည်။
မိုက်ခရိုချစ်ပ် မြှုပ်နှံပါဝင်သည့် အဆိုပါ လက်ကောက်ဝတ်ကရိယာမှတစ်ဆင့်
အကျဉ်းသားများ၏ လှုပ်ရှားမှုကို အကျဉ်းထောင်အာဏာပိုင်များက ၂၄ နာရီ
စောင့်ကြည့်နေနိုင်မည်ဖြစ်သည်။
လက်ကောက်ဝတ် ကရိယာများကို
လွတ်မြောက်ရက် နီးနေပြီဖြစ်သည့် အကျဉ်းသားများ၊ နာတာရှည်နှင့် ကူးစက်ရောဂါ
ခံစားနေရသော အကျဉ်းသားများကို အဓိက တပ်ဆင်ပေးထားရန် ရည်ရွယ်ကြောင်း
ထိုင်းနိုင်ငံ၏ Corrections Departement မှ လက်ထောက်ညွှန်ကြားရေးမှူး
Kobkiat Kasiwiwat က ပြောကြားသည်။
Planet Myanmar Network
No comments:
Post a Comment