Pages

Tuesday, March 26, 2013

ကမာရွတ်မြို့နယ် Junction Square ဈေးဝယ်စင်တာ၏ တတိယထပ်မှ စားသောက်ဆိုင်တစ်ခန်းမီးလောင်

မတ်(၂၆)

Photo: ကမာရွတ်မြို့နယ် Junction Square ဈေးဝယ်စင်တာ၏ တတိယထပ်မှ စားသောက်ဆိုင်တစ်ခန်းတွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်က အသေးစား မီးလန့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလန့်မှုကြောင့် Junction Square ဈေးဝယ်စင်တာ၏ ဈေးဆိုင်ခန်းအချို့ နာရီဝက်ကျော်သာ ခေတ္တပိတ်ခဲ့ပြီး ယခုအခါ မူလအတိုင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။

"အသေးစားဂက်စ်ဘားပွင့်သွားလို့ အငွေ့တွေထွက်ပြီး မီးလန့်တာပါ။ ဘာမှမဖြစ်ပါဘူး"ဟု စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။
ယင်းမီးလန့်မှုသို့ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ မီးငြှိမ်းသတ်ရန် လာခဲ့သော်လည်း အသေးစား မီးလန့်မှုတစ်ခုသာ ဖြစ်သောကြောင့် မငြှိမ်းသတ်လိုက်ရပေ။
ဓာတ်ပုံ- မိုးညို

7Day News Journal
 
ကမာရွတ်မြို့နယ် Junction Square ဈေးဝယ်စင်တာ၏ တတိယထပ်မှ စားသောက်ဆိုင်တစ်ခန်းတွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်က အသေးစား မီးလန့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလန့်မှုကြောင့် Junction Square ဈေးဝယ်စင်တာ၏ ဈေးဆိုင်ခန်းအချို့ နာရီဝက်ကျော်သာ ခေတ္တပိတ်ခဲ့ပြီး ယခုအခါ မူလအတိုင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။

"အသေးစားဂက်စ်ဘားပွင့်သွားလို့ အငွေ့တွေထွက်ပြီး မီးလန့်တာပါ။ ဘာမှမဖြစ်ပါဘူး"ဟု စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။
ယင်းမီးလန့်မှုသို့ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ မီးငြှိမ်းသတ်ရန် လာခဲ့သော်လည်း အသေးစား မီးလန့်မှုတစ်ခုသာ ဖြစ်သောကြောင့် မငြှိမ်းသတ်လိုက်ရပေ။

7Day News Journal

No comments:

Post a Comment