Pages

Thursday, March 28, 2013

နယ်မြေခံတပ်နှင့် စစ်စခန်းများတိုးချဲ့လာသော ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

မတ်(၂၈)



ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်ဆေးတောင်ကြောတွင် စစ်စခန်းများ ကျူးကျော် တည်ဆောက်လာသော ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့နှင့် နယ်မြေခံစစ်ကြောင်းများ မတ်လ (၂၆) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

`` တိုက်ပွဲဖြစ်ပွားတဲ့ တပ်တွေကတော့ လားရှိုးဗျူဟာ လက်အောက်ခံ ခမရ-၃၂၂ နဲ့ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) ၀မ်ဟိုင်းအဖွဲ့က ရင်းမှူးစိုင်းလင်း အဖွဲ့တွေပါ။ လွယ်ဆေး တောင်ကြောတစ်လျှောက်မှာ အရင်က ၀မ်ဟိုင်းအဖွဲ့ရဲ့ စခန်းတွေ မရှိပါဘူး၊ ပြီးခဲ့တဲ့ ၂ လ လောက်ကမှ ၀မ်ဟိုင်းအဖွဲ့တွေ ရောက် လာပြီး ကျင်းတွေနဲ့ လူနေတဲတွေ လာဆောက်တာတွေ တွေ့ရတယ်၊ ကျွန်တော်တို့ ရွာသားတွေကို လွယ်ဆေးတောင်ဘက်ကို မလာခိုင်းတော့ဘူး၊ အခု နယ်ခံစစ်ကြောင်းတွေ လွယ်ဆေးတောင်ဘက်ကို တက်သွားတော့ တိုက်ပွဲတွေဖြစ်ပြီး ရှမ်း ပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့တွေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပြီးတော့ နယ်မြေခံစစ်ကြောင်းက တောင်ကြောပေါ်မှာတွေ့တဲ့ တဲတွေကို မီးရှို့ဖျက်ဆီးခဲ့တာကို တွေ့ရပါ တယ်´´ ဟု တန့်ယန်းမြို့နယ်၊ မန်ကျောင်းရွာရှိ ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ထိုးထား သော် လည်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ တရားမ၀င် သစ်/ သတ္တု လုပ်ငန်း များ ဆောင်ရွက်ခြင်း၊ လက်နက်ခဲယမ်းများ ဖြည့်တင်းဝယ်ယူခြင်းများ ဆောင်ရွက်နေသေးကြောင်း သိရ သည်။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)အဖွဲ့အား အစိုးရမှ တရားဝင်သတ်မှတ်ပေးခဲ့သော နယ်မြေမှာ ၀မ်ဟိုင်းတွင်ဖြစ်သော်လည်း နမ့်ပုတ်၊ နမ့်စန်၊ မန်တုံ၊ မုံးဟင်၊ မုံးဟ ဒေသများအထိ ကျူးကျော် ၀င်ရောက် နေထိုင်လာ ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်မှစတင်ကာ တန့်ယန်းမြို့နှင့် မိုင်းကောင်မြို့အကြားရှိ လွယ်လန်း တောင်ကြော တစ်လျှောက်တွင် စစ်စခန်းများ တိုးချဲ့လာမှုကြောင့် နယ်မြေခံအစိုးရတပ် များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း လည်း သိရသည်။ ယခု လွယ်ဆေးတောင် တွင် စခန်းများ တိုးချဲ့လာသော ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အဖွဲ့နှင့် နယ်မြေခံအစိုးရ စစ်ကြောင်းများ တိုက်ပွဲဖြစ်ပွားမှုတွင် လူနေတဲ ၁၀ လုံးခန့်နှင့် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်သော မိုင်းများ၊ လက်နက်ခဲယမ်းများကို နယ်မြေခံတပ်မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment