Pages

Thursday, March 28, 2013

မြန်မာပေါင်းဆန် ရုရှား နိုင်ငံသို့ တိုးမြှင့် တင်ပို့မည်

မတ်(၂၈)



မြန်မာ ပေါင်းဆန်ကို ရုရှား နိုင်ငံသို့ တိုးမြှင့် တင်ပို့သွားမည် ဖြစ်ကြောင်း၊ မြန်မာ ပေါင်းဆန်ကို ယခု ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ လစဉ် မက်ထရစ် တန်ချိန် တစ်သောင်း တင်ပို့ သွားမည်ဖြစ်ကြောင်း၊ ရုရှား နိုင်ငံသည် မြန်မာ ပေါင်းဆန်ကို အဓိက ဝယ်ယူနေသည့် နိုင်ငံဖြစ်ပြီး လက်ရှိတွင် လစဉ် မက်ထရစ် တန်ချိန် ၅ဝဝ ခန့်သာတင်ပို့ နိုင်သေးသော် လည်း ယင်းကဲ့သို့ တိုးတက် တင်ပို့နိုင်ရန် ပြင်ဆင်မှု များ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောကြားသည်။ လက်ရှိတွင် လည်ပတ်နေသည့် ပေါင်းဆန် စက်ရုံမှာ မြန်မာ တစ်နိုင်ငံ လုံးတွင် နည်းပါးနေသေး သော်လည်း မကြာမီ မြန်မာနိုင်ငံ လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း (MAPO) မှ တစ်ဆင့် အိန္ဒိယ နိုင်ငံမှ ပေါင်းဆန်စက်များ မှာယူတပ်ဆင် လည်ပတ်မည် ဖြစ်သည့်အတွက် ယင်းကဲ့သို့ တိုးတက် တင်ပို့နိုင် မည် ဖြစ်သည်ဟု သိရသည်။
၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပေါင်းဆန်စက် အရေအတွက် အလုံး ၃ဝ နီးပါးခန့် ရှိလာမည်ဟု မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ ခန့်မှန်းထားပြီး ယင်းမှ ထွက်ရှိ လာမည့် ပေါင်းဆန်မှာ မက်ထရစ် တန်ချိန် တစ်သောင်းခန့် ရှိမည်ဟု ဆိုသည်။ ပေါင်းဆန် မက်ထရစ် တစ်တန်လျှင် ပြည်ပ ဈေးကွက်သို့ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၅၅ဝ ခန့် ရရှိကြောင်း သိရသည်။

No comments:

Post a Comment