Pages

Monday, March 25, 2013

ဗဟိုအာဖရိကမြို့တော်ကို သူပုန်များသိမ်းပိုက်လိုက်ပြီး သမ္မတ ထွက်ပြေးတိမ်းရှောင်

မတ်(၂၅)

ဗဟိုအာဖရိက နိုင်ငံ၏ မြို့တော်ကို ယခုအခါ သူပုန်တပ်ဖွဲ့များက သိမ်းပိုက် ရယူလိုက်သည့်နောက် သမ္မတပါ ထွက်ပြေး တိမ်းရှောင်သွားရပြီဟု သတင်းများက ဖော်ပြခဲ့သည်။
မြစ်ကမ်းနံဘေးတွင် တည်ရှိသော ဘန်ဂွီမြို့တော်တွင် တနင်္ဂနွေနေ့က ဆိုးဆိုးရွားရွား တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည့်နောက် သမ္မတ ဖရန်ကွိုက်စ် ဘိုဇစ်ဇီသည် နိုင်ငံအတွင်းမှ တိမ်းရှောင် ထွက်ပြေးခဲ့ရသည်။

သတ္တုတွင်းထွက်များ ကြွယ်ဝသည့် အာဖရိက အလယ်ပိုင်း ဒေသရှိ နိုင်ငံတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဘန်ဂွီမြို့ကို ကာကွယ်သည့် စစ်သား အနည်းဆုံး (၉)ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းဌာနက ဆိုသည်။ ဆီလီကာ သူပုန်တပ်များသည် ကြာသပတေးနေ့က စတင်ကာ ယခင်ပြင်သစ် ကိုလိုနီ နိုင်ငံတွင် အင်အားကောင်းကောင်းနှင့် စစ်ပြုလာခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

Read more http://www.planet.com.mm/news/read.cfm/id/21278

Planet Myanmar Network

No comments:

Post a Comment