Pages

Monday, March 25, 2013

၁၂၄ အထူး ယာဉ်အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ယာဉ်များကိုဝင်တိုက်

မတ်(၂၅)
ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် မြောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ အမှတ် ၁၂၄ အထူး ယာဉ်သည် ရန်ကုန်မြို့ ပြည်လမ်း နှင့် မင်းရဲကျော်စွာလမ်းထောင့် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်ကြော ညာဘက်အခြမ်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်း အုတ်နံရံကို အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့မှု ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ ယင်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းအပြင်ဘက်ရှိ ရပ်နားထားသည့် Probox အမျိုး အစား မော်တော်ယာဉ် ၁ စီးကြေမွပျက်စီးခဲ့ပြီး အခြားယာဉ် ၄ စီးကိုလည်း ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ အဆိုပါ အဖြစ်အပျက်ကို မျက်မြင်တွေ့ရှိလိုက်သည့် ယာဉ်ရောင်းဝယ်ရေးစခန်းရှိ စည်ပင်ဝန်ထမ်းတစ်ဦးက "မနက် ၆ နာရီဝန်းကျင် မှာ ဖြစ်တာ ၊ခရီးသည် ၂၀ လောက်ပါတယ် ဒါပေမယ့် ထိခိုက်ဒဏ်ရာတော့ မရှိကြပါဘူး ၊ အရှိန်က အရမ်းပြင်းတယ် သူတက်ကြိတ်ထားတဲ့ Probox က ဂျမ်းတုန်းသဘောမျိုးဖြစ်ပြီး အရှိန်သေ သွားတာ နို့မို့ဆိုရင် ကျွန်တော်တို့စည်ပင်ရုံးကိုပါ ၀င်တိုက်မိနိုင်တယ် အခုအရှိန်နဲ့တောင် စည်ပင်ရုံးရဲ့ အနောက်က သန့်စင်ခန်းတွေ တိုက်မိသွား တယ်" ဟု ယင်းကပြောသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လမ်းဘေးရှိ အမျိုးသမီး တစ်ဦးအား ယာဉ်ဖြင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ "ကားပေါ်ကလူတွေ ဘာမှမဖြစ်ပေမယ့် လမ်းဘေးက လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်တော့ ကားတွေနဲ့ ညပ်တာတော့ဖြစ်သွားတယ် ၊ ဒဏ်ရာရသွား တာပါ စိုးရိမ်စရာတော့ မရှိပါဘူး " ဟု ယာဉ်တိုက်မှု ကို ကြီးကြပ် နေသည့် ယာဉ်ထိန်းရဲ အရာရှိ တစ်ဦး ကပြောသည်။
 
၁၂၄ အထူး ယာဉ်အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ယာဉ်များကိုဝင်တိုက်
================================
ကျော်ဇေယျ ၊ သတင်း ဓာတ်ပုံ ရဲနောင်(ဖယ်ခုံ)
================================
ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် မြောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ အမှတ် ၁၂၄ အထူး ယာဉ်သည် ရန်ကုန်မြို့  ပြည်လမ်း နှင့် မင်းရဲကျော်စွာလမ်းထောင့် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်ကြော ညာဘက်အခြမ်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်း အုတ်နံရံကို အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့မှု ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ 
ယင်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းအပြင်ဘက်ရှိ ရပ်နားထားသည့် Probox အမျိုး အစား မော်တော်ယာဉ် ၁ စီးကြေမွပျက်စီးခဲ့ပြီး အခြားယာဉ် ၄ စီးကိုလည်း ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ အဖြစ်အပျက်ကို မျက်မြင်တွေ့ရှိလိုက်သည့် ယာဉ်ရောင်းဝယ်ရေးစခန်းရှိ စည်ပင်ဝန်ထမ်းတစ်ဦးက "မနက် ၆ နာရီဝန်းကျင် မှာ ဖြစ်တာ ၊ခရီးသည် ၂၀ လောက်ပါတယ် ဒါပေမယ့် ထိခိုက်ဒဏ်ရာတော့ မရှိကြပါဘူး ၊ အရှိန်က အရမ်းပြင်းတယ် သူတက်ကြိတ်ထားတဲ့ Probox က ဂျမ်းတုန်းသဘောမျိုးဖြစ်ပြီး အရှိန်သေ သွားတာ နို့မို့ဆိုရင် ကျွန်တော်တို့စည်ပင်ရုံးကိုပါ ၀င်တိုက်မိနိုင်တယ် အခုအရှိန်နဲ့တောင် စည်ပင်ရုံးရဲ့ အနောက်က သန့်စင်ခန်းတွေ တိုက်မိသွား တယ်" ဟု ယင်းကပြောသည်။  
ယာဉ်တိုက်မှုကြောင့်  ယာဉ်ပေါ်ပါ ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လမ်းဘေးရှိ အမျိုးသမီး တစ်ဦးအား ယာဉ်ဖြင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။  
"ကားပေါ်ကလူတွေ ဘာမှမဖြစ်ပေမယ့် လမ်းဘေးက လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်တော့ ကားတွေနဲ့  ညပ်တာတော့ဖြစ်သွားတယ် ၊ ဒဏ်ရာရသွား တာပါ စိုးရိမ်စရာတော့ မရှိပါဘူး  " ဟု ယာဉ်တိုက်မှု ကို ကြီးကြပ် နေသည့် ယာဉ်ထိန်းရဲ အရာရှိ တစ်ဦး ကပြောသည်။
 
Yangon Media Group

No comments:

Post a Comment