Pages

Monday, March 11, 2013

နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မတ်(၁၁)



ရှမ်းပြည်နယ် နမ့်စန်မြို့တွင် နမ့်စန်မူးယစ်အထူးအဖွဲ့များ သတင်းအဖွဲ့များနှင့် မြို့နယ်ရဲများပါဝင်သော ပူးပေါင်းအဖွဲ့ မှ မတ်လ (၈) ရက်နေ့တွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
မတ်လ (၈) ရက်နေ့ မနက်ပိုင်းတွင် နမ့်စန်မြို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ်၊ ၀မ်ပန်ကျေးရွာနေ ဦးစိန်သာ၏ အိမ်ဝန်းအတွင်းသို့ ၀င်ရောက်ရှာဖွေခဲ့ရာမှ စိတ်ကြွဆေးပြား များနှင့် ဘိန်းရှုရာ တွင် အသုံးပြုသော ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
တရားခံ ဦးစိန်သာ ခြံဝန်းအတွင်းရှိ ကောက်ရိုးပုံအနီးတွင် မြေကြီးထဲမြှုပ်ထားသော သံဗူးအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀) ခန့် ၊ ကာလတန်ဖိုးအားဖြင့် (၁၆) သိန်း ကျပ်နှင့် ကောက်ရိုးပုံ အတွင်းမှ ဘိန်းရှုရာတွင်အသုံးပြုသော ပစ္စည်းကရိယာများကိုပါ သိမ်းဆည်း ရမိခဲ့သည်။

ဦးစိန်သာ ခြံဝန်းအတွင်းမှ ရရှိသော ဆေးပြားများနှင့် ဘိန်းရှုသည့်ပစ္စည်းများကို နမ့်စန်မြို့ရဲတပ်ဖွဲ့မှ သက်သေများရှေ့တွင် မှတ်တမ်းတင်သိမ်းဆည်းခဲ့ပြီး တရားခံဦးစိန်သာအား အမှုဖွင့်အရေးယူ ထားကြောင်း ၀မ်ပန် ကျေးရွာရှိ မျက်မြင် သက်သေများထံမှ သိရသည်။

No comments:

Post a Comment