Pages

Monday, March 11, 2013

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့မှ တပ်သားသစ်သင်တန်းဖွင့်ရန် လူသစ်စုဆောင်းနေ

မတ်(၁၁)



ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသူ/ရွာသားများအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့မှ တပ်သားသစ်သင်တန်းဖွင့်လှစ်ရန် လူသစ်စုဆောင်းနေကြောင်းသိရသည်။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့သည် ကွန်ဟိန်းမြို့နယ် ဟွေယံကျွန်းကျေးရွာတွင် တပ်သား သစ် သင်တန်းအား မတ်လ (၁၅) ရက်နေ့ နောက်ပိုင်းတွင် ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ၀မ်လောကျေးရွာရှိ ဒေသခံတစ်ဦးထံမှသိရသည်။ ၎င်းမှ “ ကျွန်တော်တို့ ကွန်ဟိန်းမြို့နယ် အတွင်းမှာ ရှိတဲ့ ပန်ဟုတ်ရွာ၊ ဟွေကွမ်၊ လုံမော့၊ ၀မ်နားတို၊ ကုန်ဆာကျေးရွာတွေက တစ်ရွာကိုအသက် (၁၀) နှစ်မှ (၃၅) နှစ်အတွင်း ကျား/မ (၃) ဦးစီ တပ်သားသစ်သင်တန်းသွားတက်ရမှာပါ။ ကျွန်တော်တို့ ၀မ်လောရွာကတော့ လူများတဲ့အတွက် (၉) ယောက် သင်တန်းတက်ရမယ်လို့ သတ်မှတ်ထားပါတယ် ။ သင်တန်းသွားမတက်ရင် အသတ်ခံရမယ်၊ သင်တန်းသွားတက်ရင်လည်း အဲဒီမှာပဲ စစ်မှုထမ်းရတော့ မယ်။ ကိုယ့်အသက်ထက် ပိုတန်ဖိုးထားရမယ့်ဟာမှ မရှိတာ ၊ နောက်ဆုံးတော့လည်း သူတို့ပြော တဲ့အတိုင်းလုပ်ရင်းနဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ်ရဲ့ အဖွဲ့ဝင်ဖြစ်ရတဲ့ ရှမ်းတိုင်းရင်း သားတွေ အများကြီး ပါပဲ ”ဟု ပြောပြသွားပါသည်။



ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့သည် ယွက်ဆစ်ဦးဆောင်သောအဖွဲ့ဖြစ်ပြီး ဌာနချုပ်ကို လွယ်တိုင်းလျှံတွင် အခြေချထားပြီး ရှမ်းလက်နက်ကိုင်အဖွဲ့များတွင် အင်အားတောင့်တင်းသော အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်သည်။ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ် ရေးထိုး ထားသော်လည်း နယ်မြေစခန်းများ ချဲ့ထွင်လာခြင်း၊ တပ်သားသစ်များစုဆောင်းခြင်း၊ ဘိန်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ တွင်ပါဝင်ပတ်သက်နေခြင်း၊ ဆက်ကြေးကောက်ခံမှုများကြောင့် အစိုးရ စစ်ကြောင်းများနှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

No comments:

Post a Comment