အဆိုပါပြိုင်ပွဲကိုနံနက်(၈)နာရီခွဲတွင်စတင်ယှဉ်ပြိုင်ပြီးပြိုင်ပွဲတွင် နွား (၂၄)ကောင်ပါဝင်ယှဉ်ပြိုင်ကြပြီး
နွားအကျော့မောင်းနှင့် လှည်း အကျော့မောင်း အကြီးတန်း ၊အလတ်တန်း၊အငယ်တန်းခွဲခြား ယှဉ်ပြိုင်စေပြီး ပြိုင်ပွဲ တစ်ခုလျှင် ၀င်ကြေး (၁၅၀၀၀)ကျပ်ဖြင့်ပါဝင်
ယှဉ်ပြိုင်ရန်ဖြစ်ပြီး နောက်ဆုံး အဆင့်တွင် ပထမဆု(၂၁)လက်မ တီဗွီတစ်လုးံ၊
ဒုတိယဆုကို အီးဗွီဒီ စက်တစ်လုးံ တတိယဆုကို အမှတ်တရဆုဖလားချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
"တပို့တွဲလပြည့်မဟာဗောဓိတစ်ထောင်ဘုရားပွဲမှာတော့အရင်ကကျင်းပခဲ့ဖူးတယ်၊လွန်ခဲ့တဲ့ (၂)နှစ်လောက်ကထိပေါ့ အဲဒီတုန်းကပြိုင်ပွဲဝင်နွားတွေပေလို့ရက်ရည်ဆက်တိုက်ကျင်းပရတာ
အေ၇ွှးရကိုခက်တယ်၊ခုနောက်ပိုင်းတောင်သူတွေလက်ထဲမှာနွားကောင်းရှားလာတယ်၊
နွားကြိုးအကျော
့မောင်းမှာ ဆိုလက်သပ်မွေးထားတဲ့နွားပိုတွေသာ ယှဉ်ပြိုင်နိုင်တာ ၊ငွေပိုငွေလျှံရှိတဲ့တောင်သူကြီးတွေမှနွားကိုလေ့ကျင့်ပြုစုပြီးမွေးနိုင်တာ
အခုတောင်သူတွေ က အဆင်မပြေတော့ နွားပို မပြောနဲ့ခိုင်းနွားတောင် ရှားတော့
ပြိုင်ပွဲဝင်သူနည်းနည်းလာတယ်၊ အခုကတောင်သူ လယ်သမားနေ့အထိမ်း
အမှတ်အဖြစ်ကျင်းပ တာ ဒါပထမဆုးံပဲ မြန်မာ့ရိုးရာ အစဉ်အလာကို
ထိန်းသိမ်းဖို့နဲ့ နွားပညာ ရှင်များတွေ့ဆုံနိုင်ပြီး
အသိပညာတွေဖလှယ်ဖို့မျိုးဆက်သစ်ကလေးတွေမြန်မာ့၇ိုးရာ ကို ခုံမင် တပ်မက်စေ ဖို့ရည်ရွယ်ပြီးကျင်းပ တာပါ" ဟုပွဲကျင်းပရေးတာဝန်ခံ တစ်ဦးကပြောသည်။
၎င်းပြိုင်ပွဲကို မုံရွာမြို့အနီး ဘုတလင်၊ အရာတော်၊ မြင်းမှု၊ ဆားလင်းကြီး၊စသောမြို့နယ်များရှိကျေးရွာ
များမှ နွားမောင်းပညာရှင်များ လာေ၇ာက်ပြိုင် ဆိုင်ကြကြောင်း သိရသည်။
No comments:
Post a Comment