ကြက်ဥ၊ ဘဲဥပုပ်များမှ ထွက်ပေါ် လာသော မနှစ်မြို့စရာ အနံ့ဆိုးသည် အမျိုးသား အားအင် တိုးပွား စေရေး ဆေးစွမ်းကောင်း တစ်လက် ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များက ပြောကြား လိုက်သည်။
သုတေသန
ပြုလုပ်မှု မှတ်တမ်းများ အရ ဟိုက်ဒြိုဂျင် ဆာလဖိုက် ဓာတ်ငွေ့သည် အမျိုးသား
များ၏ အာရုံကြောများ တောင့်တင်း သန်မာစေသည့် အာနိသင် ရှိကြောင်း တွေ့ရှိ
လာကြပြီးနောက် အဆိုပါ ဓာတ်ငွေ့များ ပေါများစွာ ပါဝင်နေသည့် ကြက်ဥ၊
ဘဲဥပုပ်နံ့ များမှာလည်း အဆိုပါ ရလဒ်အတိုင်း အကျိုး ဖြစ်ထွန်း စေမည်ဟု
သုတေသီများက ထောက်ခံ ခဲ့သည်။
ဟိုက်ဒြိုဂျင် ဆာလဖိုက် ကဲ့သို့ပင်
နိုက်ထရစ် အောက်ဆိုက် ဓာတ်ငွေ့ တွင်လည်း ယောက်ျား အားတိုးဆေးပြား ဖြစ်သည့်
ဗီအာ ဂရာကဲ့သို့ အာနိသင်ရှိကြောင်း သုတေသန ရလဒ်များအရ သိရှိ ခဲ့ရသည်။
အီတလီနိုင်ငံ နေပယ်လ်ဖာဒီကို အမှတ်(၂) တက္ကသိုလ်မှ သုတေသန ပါမောက္ခ ဒေါက်တာ
ကီရီနိုက အနာဂတ်ကာလ လိင်မှု ဆိုင်ရာ အားတိုးဆေး များတွင် ဟိုက်ဒြိုဂျင်
ဆာလဖိုက်၊ (သို့မဟုတ်) ဟိုက်ဒြိုဂျင် ဆာလဖိုက် ဓာတ်ပေါင်း များကို တွင်တွင်
ကျယ်ကျယ် အသုံးပြု လာမည်ဟု ခန့်မှန်းခဲ့သည်။
ဟိုက်ဒြိုဂျင်
ဆာလဖိုက်သည် အကြောများ မာကျော တောင့်ခိုင် လာစေသည့် အစွမ်း သတ္တိရှိကြောင်း
ပါမောက္ခကြီးက ရှင်းပြခဲ့သည်။ National Academy of Sciences ဂျာနယ်တွင်
ဖော်ပြခဲ့မှု အရ ဟိုက်ဒြိုဂျင် ဆာလဖိုက် ဓာတ်ပေါင်း များသည် အားတိုး
ဆေးလောက၏ ဘုရင်တစ်ဆူ သဖွယ် တည်ရှိနေသော ဗီအာဂရာ ဆေးများကို အလဲထိုး
သွားဖွယ် ရှိသည်ဟု သိရသည်။
စစ်တမ်းများတွင် အသက်(၄၀)မှ (၇၀)အတွင်း
ကမ္ဘာ့ အမျိုးသား ဦးရေ၏ ထက်ဝက်မှုသည် ဖိုမ ဆက်ဆံရေး ကဏ္ဍတွင် စွမ်းဆောင်ရည်
မပြည့်ဝခြင်းနှင့် အခြားသော ပြဿနာ အနည်း အကျဉ်းမျှစီ ရှိနေတတ်ကြောင်း
ဖော်ပြ ထားသည်။
Myawady
သုတေသန
ပြုလုပ်မှု မှတ်တမ်းများ အရ ဟိုက်ဒြိုဂျင် ဆာလဖိုက် ဓာတ်ငွေ့သည် အမျိုးသား
များ၏ အာရုံကြောများ တောင့်တင်း သန်မာစေသည့် အာနိသင် ရှိကြောင်း တွေ့ရှိ
လာကြပြီးနောက် အဆိုပါ ဓာတ်ငွေ့များ ပေါများစွာ ပါဝင်နေသည့် ကြက်ဥ၊
ဘဲဥပုပ်နံ့ များမှာလည်း အဆိုပါ ရလဒ်အတိုင်း အကျိုး ဖြစ်ထွန်း စေမည်ဟု
သုတေသီများက ထောက်ခံ ခဲ့သည်။
ဟိုက်ဒြိုဂျင် ဆာလဖိုက် ကဲ့သို့ပင် နိုက်ထရစ် အောက်ဆိုက် ဓာတ်ငွေ့ တွင်လည်း ယောက်ျား အားတိုးဆေးပြား ဖြစ်သည့် ဗီအာ ဂရာကဲ့သို့ အာနိသင်ရှိကြောင်း သုတေသန ရလဒ်များအရ သိရှိ ခဲ့ရသည်။
အီတလီနိုင်ငံ နေပယ်လ်ဖာဒီကို အမှတ်(၂) တက္ကသိုလ်မှ သုတေသန ပါမောက္ခ ဒေါက်တာ ကီရီနိုက အနာဂတ်ကာလ လိင်မှု ဆိုင်ရာ အားတိုးဆေး များတွင် ဟိုက်ဒြိုဂျင် ဆာလဖိုက်၊ (သို့မဟုတ်) ဟိုက်ဒြိုဂျင် ဆာလဖိုက် ဓာတ်ပေါင်း များကို တွင်တွင် ကျယ်ကျယ် အသုံးပြု လာမည်ဟု ခန့်မှန်းခဲ့သည်။
ဟိုက်ဒြိုဂျင် ဆာလဖိုက်သည် အကြောများ မာကျော တောင့်ခိုင် လာစေသည့် အစွမ်း သတ္တိရှိကြောင်း ပါမောက္ခကြီးက ရှင်းပြခဲ့သည်။ National Academy of Sciences ဂျာနယ်တွင် ဖော်ပြခဲ့မှု အရ ဟိုက်ဒြိုဂျင် ဆာလဖိုက် ဓာတ်ပေါင်း များသည် အားတိုး ဆေးလောက၏ ဘုရင်တစ်ဆူ သဖွယ် တည်ရှိနေသော ဗီအာဂရာ ဆေးများကို အလဲထိုး သွားဖွယ် ရှိသည်ဟု သိရသည်။
စစ်တမ်းများတွင် အသက်(၄၀)မှ (၇၀)အတွင်း ကမ္ဘာ့ အမျိုးသား ဦးရေ၏ ထက်ဝက်မှုသည် ဖိုမ ဆက်ဆံရေး ကဏ္ဍတွင် စွမ်းဆောင်ရည် မပြည့်ဝခြင်းနှင့် အခြားသော ပြဿနာ အနည်း အကျဉ်းမျှစီ ရှိနေတတ်ကြောင်း ဖော်ပြ ထားသည်။

No comments:
Post a Comment