Pages

Thursday, March 7, 2013

တပ်မတော် ဆေးတက္ကသိုလ်မှ ဆရာဝန်နှစ်ဦးအား အိန္ဒိယသို့ ခေါ်ယူ၍ နှစ် လ ကြာ သင်တန်းပေးမည်

မတ်(၇)

တပ်မတော်ဆေးတက္ကသိုလ်မှ ဆရာဝန်နှစ်ဦးအား အိန္ဒိယသို့ခေါ်ယူ ၍ နှစ်လကြာ သင်တန်းပေးရန်ရှိကြောင်း အိန္ဒိယနိုင်ငံ Global ဆေးရုံ၏ တစ်ဦးတည်း ကိုယ်စားလှယ် ရုံး Zar & Zar Co.,Ltd မှ သိရသည်။

အဆိုပါ ဆရာဝန်နှစ်ဦးသည် ICU ၊ ဦးနှောက်နှင့် အာရုံကြောနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံ Global ဆေးရုံတွင် သွားရောက်လေ့လာ ကြမည်ဖြစ်ကြောင်း ၄င်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ မျိုးသန့်က ပြောသည်။

ခန္ဓာကိုယ်အစားထိုး ခွဲစိတ်ကုသခြင်းနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ သည် ရှေ့တန်းနည်းပညာ ရောက်လျက်ရှိကြောင်း၊ မြန်မာသည်လည်း စစ်ဘက်ရော၊ အရပ်ဘက်ကပါ ခန္ဓာကိုယ်အစားထိုး ခွဲစိတ်ကုသခြင်းကို ကြိုးစားလျက်ရှိကြောင်း၊ ထို့ကြောင့် Training လိုချင်သူ များကို ပြုလုပ်ပေးရန်ရှိကြောင်း ၄င်းက ဆိုသည်။

သင်ကြားမှုပေးရန် ကမ်းလှမ်း ခြင်းနှင့်ပတ်သက်၍ ”အခုမှစတော့ ဒါပဲရှိသေးတယ်။ ဘယ်သူလာလာ Open ပါ။ ကျွန်တော်တို့ဆီ ဆက် သွယ်ပေါ့။ တပ်မတော်ရော၊ အရပ် ဘက်ရော ကျွန်တော်တို့က ကမ်း လှမ်းထားပါတယ်”ဟု ၄င်းက ပြောသည်။

၎င်းတို့ ကုမ္ပဏီအနေဖြင့် ဆေးပစ္စည်းများကို တပ်မတော်ဘက် သို့ ရောင်းချခြင်း၊ ပံ့ပိုးလှူဒါန်း ခြင်းတို့ကို ပြုလုပ်လျက်ရှိသည့်အတွက် ယခုကဲ့သို့ တပ်မတော်ဆရာဝန် များကိုပါ ခေါ်ယူသင်တ န်းပေး ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ထို့ပြင် နောက်ပိုင်းတွင်လည်း Global ဆေးရုံမှ ဆရာဝန်ကြီးများ က မြန်မာနိုင်ငံတွင် လာရောက်၍ လက်တွေ့ခွဲပြမည့် အစီအစဉ်များ လည်းရှိကြောင်း သိရသည်။

Zar & Zar Co.,Ltd သည် ဆေးနှင့်ဆေးပစ္စည်းများကို မြန်မာ နိုင်ငံ တွင် ဖြန့်ချိလျက်ရှိပြီး သက် တမ်း ၂ဝ ခန့်ရှိပြီဟု သိရသည်။ Global ဆေးရုံသည် အိန္ဒိယ နိုင်ငံတွင်အသည်း၊ ကျောက်ကပ်၊ နှလုံးနှင့် အဆုတ်အစားထိုးစသည့်အစားထိုးခွဲစိတ်မှုများတွင် အောင် မြင်နေသော ဆေးရုံဖြစ်သည်။
Popular Myanmar News Journal

No comments:

Post a Comment