Pages

Thursday, March 7, 2013

ဂရိနိုင်ငံပိုင် ကျွန်းများကို ကာတာစော်ဘွား ဝယ်ယူ

မတ်(၇)
Photo: “ဂရိနိုင်ငံပိုင် ကျွန်းများကို ကာတာစော်ဘွား ဝယ်ယူ”
=============================

ကာတာနိုင်ငံမှ စော်ဘွားသူဌေးကြီး တစ်ဦးသည် ဂရိ အစိုးရပိုင်ဆိုင်သော ကျွန်းပေါင်း (၆)ကျွန်းကို ဝယ်ယူလိုက်ပြီဟု သိရှိရသည်။ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး စာရင်းဝင်တစ်ဦးဖြစ်သည့် ကာတာစော်ဘွားသည် လူသူ အရောက်အပေါက် နည်းပါးသော ကျွန်း(၆)ခုကို လက်ဝယ်ပိုင်ပိုင် ရယူရန်အတွက် (၁)နှစ်ခွဲကျော်ကြာ စာရွက်စာတမ်း ကိစ္စများကို အပြီးသတ် နိုင်ခဲ့ပြီ ဖြစ်သည်။

ဟာမက်ဘင် ခါလီဖာ အယ်လ်သာနီသည် ယင်းကျွန်းများကို ပိုင်ဆိုင်ရန်အတွက် ပိုင်ရှင်များထံသို့ ဒေါ်လာ (၁၁)သန်း ပေးဆောင်ခဲ့ကြောင်း Guardian သတင်းစာက ဖော်ပြခဲ့သည်။
ဘင်ခါလီဖာသည် အဆိုပါ ကျွန်းများကို မိသားစု အပျော်ခရီး ထွက်ရာတွင် အနားယူသည့် နေရာများအဖြစ် ဖန်တီးသွားမည် ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21130

( Planet Myanmar Network)

No comments:

Post a Comment