Pages

Tuesday, March 19, 2013

ဂျပန် ယူ-၁၅ အသင်း မြန်မာနိုင်ငံတွင် ၇ရက်ကြာ စခန်းသွင်းလေ့ကျင့်မည်

မတ်(၁၉)

Photo: ဂျပန် ယူ-၁၅ အသင်း မြန်မာနိုင်ငံတွင် ၇ရက်ကြာ စခန်းသွင်း
လေ့ကျင့်မည်
Tuesday, March 19, 2013

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ 
အကျိုးတူ ပူးပေါင်းမှု တစ်ရပ် အနေဖြင့် ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည် မြန်မာနိုင်ငံသို့ လာရောက်၍ ၇ရက်ကြာ စခန်းသွင်း
လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ဂျပန် ယူ-၁၅ အသင်းသည် ဧပြီလ ၁၈ရက်နေ့ နံနက်ပိုင်းတွင်
မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည် ဖြစ်ပြီး ဧပြီ ၂၄ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။ 

ဂျပန် ယူ-၁၅ အသင်းသည် မြန်မာနိုင်ငံတွင် လာရောက်၍ စခန်းသွင်း
လေ့ကျင့်မှုများ ပြုလုပ်နေချိန်တွင် မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း၊ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းများနှင့် ခြေစမ်းပွဲများ
ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။

ဂျပန် လူငယ် အသင်းသည် မြန်မာနိုင်ငံတွင် စခန်းသွင်း လေ့ကျင့်မှုများ
ပြုလုပ်စဉ် ကာလအတွင်း ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် နေထိုင်၊ စားသောက် သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ၎င်းတို့အတွက် လေ့ကျင့်ရေးကွင်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် အခြား လိုအပ်သည် များအား ပံ့ပိုးပေးသွားမည် ဖြစ်သည်။

Ko Phone 
Myanmar Football Federation

No comments:

Post a Comment