Pages

Tuesday, March 19, 2013

တရားတိုက်အဆောက်အဦပြုပြင်တည်ဆောက်ရန် ဗြုန်းတူးစဉ် ဗြုန်းကျင်းပြိုကျမှုဖြစ်ပွား

မတ်(၁၉)
 ၁၈-၃-၂၀၁၃ရက်နေ့ ၁၀၄၀ အချိန် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျောက်တစ်လုံး ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တရားတိုက်အဆောက်အဦပြုပြင်တည်ဆောက်ရန်အတွက် ကျောင်းတောင် ဘက် ၁ မိုင်ခန့်အကွာတွင် ရွာသူ/ရွာသား ၂၅ ဦးခန့်မှ ဗြုန်းတူးလုပ်ငန်းဆောင်ရွက် စဉ် ဗြုန်းကျင်း ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဗြုန်းကျင်းပြိုကျမှုကြောင့် ကျောက်တစ်လုံးကျေးရွာဟောင်း ပလောင်ရွာနေ ဒေါ်သင်း ပါ ၄ ဦး ဗြုန်းပိမိခဲ့ရာမှ ဒေါ်သင်း(၄၅)နှစ်နှင့် မခိုင်(၂၀)နှစ်တို့ ၂ ဦး မှာ ဗြုန်းပိသေဆုံးသွား ခဲ့ကြောင်း၊ ဒေါ်သင်း၏အလောင်းအား တူးဖော်ရရှိပြီး မခိုင်၏အလောင်းအား တူးဖော်ဆဲဖြစ်ကြောင်း၊ ဒေါ်တောင်(၃၀)နှစ်တွင် ၀ဲခြေခုံပွန်းပဲ့၊ တင်ပါးအောက်ပိုင်း လှုပ်မရ ဒဏ် ရာနှင့် ဒေါ်ဝေ(၂၅)နှစ်တွင် ယာခြေထောက်ဒူးအောက်ပိုင်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း၊  သေဆုံး ဒဏ်ရာရသူများအား ရပ်စောက် ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း၊ မခိုင်၏အလောင်းအား ဆက်လက်တူးဖော်ရှာဖွေရာ ၁၁၁၅ အချိန်တွင် မျက်နှာညိုမဲ၊ နဖူးပေါက်ပြဲ၊ ယာခြေသလုံးရိုးကျိုး ဒဏ်ရာများဖြင့် တူးဖော်ရရှိခဲ့ကြောင်း၊ ၂၀၃၅ အချိန်တွင် ရပ်စောက်ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment