Pages

Monday, March 11, 2013

ပြည်တွင်းလှောင်အား ကောင်းသည့် အတွက် အိန္ဒိယမှ မတ်ပဲဈေး ပိုပေး

မတ်(၁၁)
မြန်မာနိုင်ငံတွင် အဓိက ပြည်ပပို့ကုန်ဖြစ်သော မတ်ပဲသည် ပြည်တွင်း၌ သိုလှောင်အားကောင်းလာ
သည့်အတွက် အိန္ဒိယနိုင်ငံမှ ဈေးနှုန်း ပိုမိုသတ်မှတ်ကာ ဝယ်ယူလာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်း
လုပ်ငန်း အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

“လတ်တလောမှာတော့ အိန္ဒိယဘက်က တိုးပေးထားပါတယ်။ ရောင်းသူနိုင်ငံနဲ့ ဝယ်သူနိုင်ငံနဲ့ အားပြိုင်တဲ့ အနေအထားမှာ ဒီလိုဖြစ်တတ်ပါတယ်။ ပြည်တွင်းမှာလည်း တောင်သူက အစသူ့ဟာနဲ့သူ မတ်ပဲလှောင်ထားတာတွေ လည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ မတ်ပဲအား အဓိက ၀ယ်ယူနေသည့် အိန္ဒိယနိုင်ငံမှ ဈေးမြင့်ကာ ဝယ်ယူလာခြင်းမှာ ၀ယ်လိုအားနှင့် ရောင်းလိုအား အပေါ်တွင် မူတည်ကြောင်း ဦးမင်းကိုဦးက ပြောသည်။

ပြည်တွင်း မတ်ပဲ ပေါက်ဈေးမှ တတန်လျှင် လေးသိန်းရှစ်သောင်းခန့်ရှိပြီး အိန္ဒိယမှ ဖေဖော်ဝါရီလ နောက်ဆုံး အပတ်မှ စ၍  ဒေါ်လာ ၅၀၀ မှ ၅၇၀ အထိ တိုးပေးခဲ့သည်ဟု ဦးမင်းကိုဦးမှ ပြောပြသည်။

ယခင်က ပြည်တွင်းမတ်ပဲ ဈေးနိမ့်နေပြီး အိန္ဒိယဘက်မှ မတ်ပဲဈေးများနေသဖြင့် မတ်ပဲ ကုန်သည်များ အနေဖြင့် အိန္ဒိယနိုင်ငံမှ မတ်ပဲဈေးကျချိန်ကို စောင့်၍သာ အရောင်းအ၀ယ် ပြုလုပ်ကြကြောင်း ပဲအမျိုးမျိုး သန့်စင်ထုတ်လုပ် တင်ပို့သည့် လုပ်ငန်းရှင် ဦးကျော်အောင်က ပြောသည်။

“ဒီက အက်ဖ်အိုဘီ (FOB) ဈေးနဲ့ အိန္ဒိယ အက်ဖ်အိုဘီဈေးက ၁၀ဒေါ်လာ ၁၅ ဒေါ်လာလောက် ဟနေတယ်။ အဲဒီတော့ နည်းတယ်။ ပစ္စည်းက သိပ်မထွက်နိုင်ဘူး။ ဈေးကျမယ် ထင်မှ ကြိုရောင်းကြတယ် ’’ ဟု ဦးကျော်အောင် ကဆက်ပြောပြသည်။

 မြန်မာနိုင်ငံမှ အိန္ဒိယသို့ မတ်ပဲတင်ပို့မှုမှာ ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး ၃၀ရာခိုင်နှုန်းမှာ အရှေ့တောင် အာရှသို့ ပဲပင်ပေါက် ထုတ်လုပ်ရန် တင်ပို့ကြောင်း အဆိုပါ လုပ်ငန်းရှင်ထံမှ သိရသည်။

အရှေ့တောင် အာရှသို့ ပေးပို့သည့် မတ်ပဲများကဲ့သို့ အိန္ဒိယသို့ တင်ပို့သော မတ်ပဲများသည် သန့်စ်ရန် အများအပြား မလိုအပ်ကြောင်း ‘ကျော်’ ပဲအမျိုးမျိုး သန့်စင်ထုတ်လုပ်သည့် စက်ရုံမှ မန်နေဂျာက ပြောသည်။

အိန္ဒိယသို့ ပေးပို့သည့် မတ်ပဲ စံချိန်နှင့် ပတ်သတ်အဆိုပါ မန်နေဂျာက “ အိန္ဒိယကို တင်ပို့တာက ပဲအနက်သား ချည်းပဲ တင်ပို့တာပါ” ဟုပြောသည်။

အိန္ဒိယနိုင်ငံမှ မတ်ပဲဈေးအား ချုပ်ကိုင်ထားသည်မှာ အစိုးရမှ ဖြစ်ပြီး စားသုံးသူသက်သာစေရန် မကြာခဏ
ဈေးနှိမ့်ကာ သတ်မှတ်လျှက်ရှိကြောင်း မတ်ပဲ လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံမှ မတ်ပဲကို အိန္ဒိယမှအဓိက ၀ယ်ယူပြီး တနှစ်လျှင် အိန္ဒိယသို့ တန် ၆ သိန်း တင်ပို့ကြောင်း
 မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းအသင်းမှ သိရသည်။
မဇ္ဈိမ

No comments:

Post a Comment