Pages

Thursday, March 14, 2013

"ယခုနှစ် မန်းသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်အရေအတွက် ကန့်သတ်သွားမည်"

မတ်(၁၄)
Photo: "ယခုနှစ် မန်းသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်အရေအတွက် ကန့်သတ်သွားမည်"

မန်းမြို့တော် စည်ပင်က ယခုနှစ် သင်္ကြန်ပွဲတော်တွင် ကျုံးဘေးပတ်လည် မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးမှုအပေါ် ကန့်သတ်သွားရန်ရှိကြောင်း တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

”စည်းရုံးသိမ်းသွင်းပြီးမှ ဒါကို လုပ်သွားမှာပါ” ဟု ၎င်းက ပြော သည်။နှစ်စဉ်နှစ်တိုင်း မန္တလေး မြို့ တွင်း၌ ရေကစား မဏ္ဍပ် ဆောက်လုပ်မှုမှာ လေးခုထက်မပိုခဲ့သော်လည်း ကျုံးပတ်လည်တွင်ရေကစားမဏ္ဍပ် ဆောက်လုပ်မှုများမှာ မဏ္ဍပ် ၄ဝ နီးပါးအထိ ရှိနေကြောင်း မန်းမြို့ တော် စည်ပင်စာရင်းများအရ သိရ သည်။

”ဒီနှစ် မဟာသင်္ကြန်မှာ ကျုံးဘေးအပြင် မြို့ထဲမှာပါ စည်ကားချင်တယ်။ ဒါက ရည်ရွယ်ချက်။ ငယ်ငယ်ကလေးကတည်းက ကျုံးဘေးက စည်းကားမှုကိုလည်း မပယ်ဖျက်သွားဘူး။ အသေးစိတ်တော့ ဆက်ညှိသွားမယ်” ဟု ဦး သက်နိုင်ထွန်းက ဆက်ပြောသည်။

မန်းစည်ပင် အခွန်ဌာနမှူး ဦးအောင်စိုးက နှစ်စဉ်နှစ် တိုင်း ဆောင်ရွက်နေကျ ဖြစ်သော မဏ္ဍပ်များကို မဲစနစ်ဖြင့် နေရာချ ပြီး မတ်လ ၁၅ ရက်နေ့တွင် စတင်ဆောက်လုပ်ခွင့်ပြုမည်ဟု ပြောသည်။ ”မဏ္ဍပ် အရေအတွက်ကတော့ အတိအကျနဲ့ ဒီအချိန်မှာ ပြောဖို့ ခက်ပါတယ်။ ချထားပေးပြီးမှပဲ သိမယ်” ဟု ဦးအောင်စိုး က ဆိုသည်။မန်းမြို့တော်စည်ပင်က ကျုံး ဘေးပတ်လည် မဏ္ဍပ်ချထားပေး မှုကို ၆၆-လမ်း ကျုံးအရှေ့ဘက်၊ ၂၆-လမ်း ကျုံးတောင်ဘက်၊ လမ်း-၈ဝ၊ ကျုံးအနောက်ဘက် နှင့် ၁၂ လမ်းကျုံးမြောက်ဘက်တို့ တွင် ပြုလုပ်ပြီး ယခုနှစ်တွင် ကန့် သတ်သွားမည့် ပမာဏကိုမူ ထုတ်ဖော် မပြောပေ။

မန္တလေး ဒေသခံတစ်ဦးဖြစ် သူ ကိုဇော်မျိုးက ”နေရာစုံ စည် တော့ ကောင်းတာပေါ့။ ကျုံးဘေး ပတ်လည် အစဉ်အလာ ဖျက်တာ လည်း မဟုတ်ဘူးလေ” ဟု သူ့ အမြင်ကို ပြောသည်။ ၂ဝ၁၃ ခုနှစ် မန်းမဟာသင်္ကြန် ပွဲတော်တွင် မဏ္ဍပ်များကို စည်း ကမ်းတကျ ဖြစ်စေရန် စည်းကမ်း ချက်များကို ထုတ်ပြန်ထားပြီး မလိုက်နာပါက စည်ပင်သာယာ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ကြေညာ ထားသည်။

 PN-051
မန်းမြို့တော် စည်ပင်က ယခုနှစ် သင်္ကြန်ပွဲတော်တွင် ကျုံးဘေးပတ်လည် မဏ္ဍပ်ဆောက်လုပ်ခွင့်ချ
ထားပေးမှုအပေါ် ကန့်သတ်သွားရန်ရှိကြောင်း တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

”စည်းရုံးသိမ်းသွင်းပြီးမှ ဒါကို လုပ်သွားမှာပါ” ဟု ၎င်းက ပြော သည်။နှစ်စဉ်နှစ်တိုင်း မန္တလေး မြို့ တွင်း၌
 ရေကစား မဏ္ဍပ် ဆောက်လုပ်မှုမှာ လေးခုထက်မပိုခဲ့သော်လည်း ကျုံးပတ်လည်တွင်ရေကစားမဏ္ဍပ်
 ဆောက်လုပ်မှုများမှာ မဏ္ဍပ် ၄ဝ နီးပါးအထိ ရှိနေကြောင်း မန်းမြို့ တော် စည်ပင်စာရင်းများအရ သိရ သည်။

”ဒီနှစ် မဟာသင်္ကြန်မှာ ကျုံးဘေးအပြင် မြို့ထဲမှာပါ စည်ကားချင်တယ်။ဒါကရည်ရွယ်ချက်။ငယ်ငယ်ကလေး
ကတည်းက ကျုံးဘေးက စည်းကားမှုကိုလည်း မပယ်ဖျက်သွားဘူး။ အသေးစိတ်တော့ ဆက်ညှိသွားမယ်” ဟု ဦး သက်နိုင်ထွန်းက ဆက်ပြောသည်။

မန်းစည်ပင် အခွန်ဌာနမှူး ဦးအောင်စိုးက နှစ်စဉ်နှစ် တိုင်း ဆောင်ရွက်နေကျ ဖြစ်သော မဏ္ဍပ်များကို မဲစနစ်ဖြင့် နေရာချ ပြီး မတ်လ ၁၅ ရက်နေ့တွင် စတင်ဆောက်လုပ်ခွင့်ပြုမည်ဟု ပြောသည်။ ”မဏ္ဍပ် အရေအတွက်ကတော့ အတိအကျနဲ့ ဒီအချိန်မှာ ပြောဖို့ ခက်ပါတယ်။ ချထားပေးပြီးမှပဲ သိမယ်” ဟု ဦးအောင်စိုး က ဆိုသည်။မန်းမြို့တော်စည်ပင်က ကျုံး ဘေးပတ်လည် မဏ္ဍပ်ချထားပေး မှုကို ၆၆-လမ်း ကျုံးအရှေ့ဘက်၊ ၂၆-လမ်း ကျုံးတောင်ဘက်၊ လမ်း-၈ဝ၊ ကျုံးအနောက်ဘက် နှင့် ၁၂ လမ်းကျုံးမြောက်
ဘက်တို့ တွင် ပြုလုပ်ပြီး ယခုနှစ်တွင် ကန့် သတ်သွားမည့် ပမာဏကိုမူ ထုတ်ဖော် မပြောပေ။

မန္တလေး ဒေသခံတစ်ဦးဖြစ် သူ ကိုဇော်မျိုးက ”နေရာစုံ စည် တော့ ကောင်းတာပေါ့။ ကျုံးဘေး ပတ်လည် အစဉ်အလာ ဖျက်တာ လည်း မဟုတ်ဘူးလေ” ဟု သူ့ အမြင်ကို ပြောသည်။ ၂ဝ၁၃ခုနှစ်မန်းမဟာသင်္ကြန် 
ပွဲတော်တွင် မဏ္ဍပ်များကို စည်း ကမ်းတကျ ဖြစ်စေရန် စည်းကမ်း ချက်များကို ထုတ်ပြန်ထားပြီး မလိုက်
နာပါက စည်ပင်သာယာ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ကြေညာ ထားသည်။
Popular Myanmar News Journal

No comments:

Post a Comment