Pages

Wednesday, March 20, 2013

စစ်မှန်တဲ့ အမျိုးသား တည်ဆောက်ဖို့အတွက် တန်းတူညီညွတ်မှုသည် အရေးကြီးကြောင်း ဦးခွန်ထွန်းဦးဆို

မတ် ၂၀

Photo: စစ်မှန်တဲ့ အမျိုးသား တည်ဆောက်ဖို့အတွက် 
တန်းတူညီညွတ်မှုသည် အရေးကြီးကြောင်း 
ဦးခွန်ထွန်းဦးဆို

လားရှိုး၊ မတ် ၂၀။

ယနေ့ ပြုလုပ်သော ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် 
ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း 
ဆွေးနွေးပွဲတွင် စစ်မှန်သည့် အမျိုးသားရေး တည်ဆောက်
နိုင်ရန်အတွက် တန်းတူညီညွတ်မှုသည် အရေးကြီး 
ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဦးခွန်ထွန်းဦးက
ပြောကြားသည်။

“ပြည်ထောင်စု အချင်းချင်း တန်းတူ တည်ဆောက်မှသာ
လျှင် ဖက်ဒရယ်မူဟာ အရေးကြီးပါတယ်။ ယနေ့ တိုင်းရင်း သားတွေရဲ့ ပြသနာကို ဖြေရှင်းတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံကို
ပြင်မယ်။ အသစ် လဲမယ်ဆိုရင် ပြည်သူ လူထုအပေါ်မှာပဲ 
အခြေခံပါတယ်” ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ ငြိမ်းချမ်းရေး ဖော်ဆောင်မှု 
ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက “ ယနေ့အချိန် ထိ 
ဆွေးနွေးပွဲတွေက မျှော်လင့်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ လိုတယ်”
ပြောကြားခဲ့သည်။

“ကချင်ပြည်နယ်မှာ စစ်ဖြစ်တဲ့ ကိစ္စကလည်း ယုံကြည်မှုကို ပျတ်ပြားစေတယ်။ စစ်ထပ်ဖြစ်မှာကိုလည်း စိုးရိမ် မိပါတယ်။ စစ်သာဖြစ်နေမယ်ဆိုရင် ယုံကြည်မှုတွေ ပျတ်ပြားစေပြီး ငြိမ်း
ချမ်းရေးကို အထောက်အကူ မဖြစ်စေ ပါဘူး” ဟု နိုင်ငံရေး
ပါတီများကိုယ်စား UNA အဖွဲ့၏ ကိုယ်စားလှယ် ဦးအေးသာအောင်
က ပြောသည်။

ထွန်းထွန်း
ယနေ့ ပြုလုပ်သောရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း
 ဆွေးနွေးပွဲတွင်စစ်မှန်သည့်အမျိုးသားရေးတည်ဆောက်နိုင်ရန်အတွက်တန်းတူညီညွတ်မှုသည်အရေးကြီး
 ကြောင်းရှမ်းအမျိုးသားဒီမိုကရေစီဥက္ကဌဦးခွန်ထွန်းဦးကပြောကြားသည်။

“ပြည်ထောင်စု အချင်းချင်း တန်းတူ တည်ဆောက်မှသာလျှင် ဖက်ဒရယ်မူဟာ အရေးကြီးပါတယ်။ ယနေ့ တိုင်းရင်းသားတွေရဲ့ ပြသနာကို ဖြေရှင်းတဲ့အခါ၂၀၀၈ဖွဲ့စည်းပုံကိုပြင်မယ်။အသစ်လဲမယ်ဆိုရင် ပြည်သူလူ
ထုအပေါ်မှာပဲအခြေခံပါတယ်”ဟုဦးခွန်ထွန်းဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဒုဥက္ကဌဦးအောင်မင်းက“ယနေ့အချိန်ထိ
 ဆွေးနွေးပွဲတွေက မျှော်လင့်စရာတော့ ကောင်းပါတယ်။
 ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ လိုတယ်”ပြောကြားခဲ့သည်။

“ကချင်ပြည်နယ်မှာ စစ်ဖြစ်တဲ့ ကိစ္စကလည်း ယုံကြည်မှုကို ပျတ်ပြားစေတယ်။ စစ်ထပ်ဖြစ်မှာကိုလည်းစိုးရိမ် မိပါတယ်။ စစ်သာဖြစ်နေမယ်ဆိုရင် ယုံကြည်မှုတွေ ပျတ်ပြားစေပြီးငြိမ်းချမ်းရေးကိုအထောက်အကူမဖြစ်စေ
 ပါဘူး” ဟု နိုင်ငံရေးပါတီများကိုယ်စား UNA အဖွဲ့၏ ကိုယ်စားလှယ် ဦးအေးသာအောင်က ပြောသည်။ 
The Myanma Age
 


No comments:

Post a Comment