Pages

Wednesday, March 20, 2013

တီးတိန်မြို့နှင့် တမူးမြို့များတွင် အသက်၁၅နှစ်အထက်များကို “အ” သုံးလုံးသင်ပေးမည်



မတ်(၂၀)
Photo: တီးတိန်မြို့နှင့် တမူးမြို့များတွင် အသက်၁၅နှစ်
အထက်များကို “အ” သုံးလုံးသင်ပေးမည်

ကလေး၊ မတ်၂၀။

ကလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက 
ပညာရေး ၀န်ကြီးဌာန၏ အထူးစီမံချက်ဖြင့် ချင်းပြည်
နယ်ရှိတီးတိန်မြို့နှင့် တမူးမြို့များတွင် “အ”သုံးလုံး 
သွားရောက် သင်ကြားပေးကြမည်ဟု ကလေးတက္ကသိုလ်
မှ Dr.သက်နိုင်ဦး(Bio)၏ ပြောပြချက်အရ သိရှိရသည်။

ဗမာစာသည် ရုံးသုံးစာဖြစ်၍ ချင်းပြည်နယ်ရှိ တိုင်းရင်း
သားများ ဗမာစာ၊ ဗမာစကား တတ်မြောက်စေရန် 
ရည်ရွယ်ချက်ဖြင့် “အ” သုံးလုံးသင်တန်းများ 
သင်ကြားပေးခြင်း ဖြစ်သည်ဟုကလေးတက္ကသိုလ်မှ
ဆရာသိန်း(ရုက္ခဗေဒ)က ပြောပြခဲ့ပါသည်။

" ကျွန်မကတော့ တီးတိန်ကိုလိုက်ဖို့ ဆန္ဒပြုထားပါတယ်။ အဲဒီလို တောင်တန်း ဒေသတွေမှာ တိုင်းရင်းသားတွေကို
အသုံးလုံးသင်ပေးဖို့ စိတ်ဝင်စားတယ်။ အတွေ့အကြုံလည်း 
ရချင်လို့ပါ။ (၁၅)နှစ် အထက်တွေကို သင်ပေးရမယ်လို့
သိရပါတယ်။ အသုံးလုံးသင်သွားပေးမယ့် ဆရာတွေ 
အတွက် စားစရိတ်တွေကို ပညာရေးက တာဝန်ယူပေးတယ်
လို့ ပြောပါတယ်။ ချင်းတိုင်းရင်းသားတွေက ဗမာစကားကို 
နားမလည်တော့ သင်ပေးဖို့အခက်အခဲတွေတော့ ရှိနိုင်ပါတယ်။ 
ဒါပေမယ့် ဆရာတွေကလည်း ကျွန်မတို့ကို သင်ကြားနည်း 
ပုံစံတွေ သင်ပြထားတယ်။ ကိုယ်ကလည်း စေတနာထားပြီး
ကြိုးစား သင်ပေးသွားမှာပါ။ ဥပမာ- သူတို့ထဲမှာ ၀ တဲ့သူ
ပါရင် သူ့ကို ထခိုင်းပြပြီး အဲဒါကို " ၀ "လို့ခေါ်တယ် ဆိုတာ
မျိုးသရုပ်ပြသင်ပေးရမှာပေါ့ " ဟု တီးတိန်မြို့သို့အသုံးလုံး သင်တန်းလိုက်သင် ပေးမည့် ရူပဗေဒကျောင်းသူ မစောသန္တာက
ပြောသည်။

ကလေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ အရောက်
(၄၈၀) သွားရောက် သင်ကြားပေးကြမည် ဖြစ်ပြီးသင်ပေးမည့်
တက္ကသိုလ် ကျောင်းသူ/သားများကို နေပြည်တော် ပညာရေး
အဖွဲ့မှ (၁၅.၃.၁၃)ရက်နေ့က ကလေး တက္ကသိုလ်တွင် သင်တန်း
ပေးခဲ့ကာ သင်ရိုးညွန်းတမ်းနှင့် စီဒီခွေများ ထုတ်ဝေခဲ့ပြီး ဖြစ်
ကြောင်း သိရသည်။

အဆိုပါ “အ” သုံးလုံး သင်ကြားပေးခြင်းသည် ၄၅ရက် ကြာမြင့်
မည်ဖြစ်ပြီး ယခုမတ်လ ၂၉ရက်နေ့တွင် တီးတိန်မြို့နှင့် တမူးမြို့
တွင် “အ”သုံးလုံး သင်တန်းဖွင့်ပွဲကို တပြိုင်နက် ပြုလုပ်သွား
မည်ဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
ဓာတ်ပုံ - villagethar2011blogspot.com
ကလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ပညာရေး ၀န်ကြီးဌာန၏ အထူးစီမံချက်ဖြင့် ချင်းပြည်နယ်ရှိတီးတိန်မြို့နှင့် တမူးမြို့များတွင် “အ”သုံးလုံး သွားရောက် သင်ကြားပေးကြမည်ဟု ကလေးတက္ကသိုလ်မှ Dr.သက်နိုင်ဦး(Bio)၏ ပြောပြချက်အရ သိရှိရသည်။

ဗမာစာသည် ရုံးသုံးစာဖြစ်၍ ချင်းပြည်နယ်ရှိ တိုင်းရင်းသားများ ဗမာစာ၊ ဗမာစကား တတ်မြောက်စေရန်
ရည်ရွယ်ချက်ဖြင့် “အ” သုံးလုံးသင်တန်းများ သင်ကြားပေးခြင်း ဖြစ်သည်ဟုကလေးတက္ကသိုလ်မှဆရာသိန်း(ရုက္ခဗေဒ)က ပြောပြခဲ့ပါသည်။

" ကျွန်မကတော့တီးတိန်ကိုလိုက်ဖို့ဆန္ဒပြုထားပါတယ်။အဲဒီလို တောင်တန်း ဒေသတွေမှာတိုင်းရင်းသားတွေ
ကိုအသုံးလုံးသင်ပေးဖို့ စိတ်ဝင်စားတယ်။ အတွေ့အကြုံလည်း ရချင်လို့ပါ။ (၁၅)နှစ် အထက်တွေကို သင်ပေးရမယ်လို့သိရပါတယ်။ အသုံးလုံးသင်သွားပေးမယ့်ဆရာတွေအတွက်စားစရိတ်တွေကိုပညာရေးက တာဝန်ယူပေးတယ်လို့ ပြောပါတယ်။ချင်းတိုင်းရင်းသားတွေကဗမာစကားကိုနားမလည်တော့သင်ပေးဖို့အခက်
အခဲတွေတော့ရှိနိုင်ပါတယ်။ဒါပေမယ့်ဆရာတွေကလည်းကျွန်မတို့ကိုသင်ကြားနည်းပုံစံတွေသင်ပြထားတယ်။ 
ကိုယ်ကလည်း စေတနာထားပြီးကြိုးစား သင်ပေးသွားမှာပါ။ 
ဥပမာ- သူတို့ထဲမှာဝတဲ့သူပါရင်သူ့ကိုထခိုင်းပြပြီး  အဲဒါကို " ၀ "လို့ခေါ်တယ် ဆိုတာမျိုးသရုပ်ပြသင်ပေး
ရမှာပေါ့ "ဟုတီးတိန်မြို့သို့အသုံးလုံးသင်တန်းလိုက်သင် ပေးမည့်ရူပဗေဒကျောင်းသူမစောသန္တာကပြော
သည်။

ကလေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူအရောက်(၄၈၀)သွားရောက်သင်ကြားပေးကြမည် ဖြစ်ပြီး
သင်ပေးမည့်တက္ကသိုလ် ကျောင်းသူ/သားများကို နေပြည်တော် ပညာရေးအဖွဲ့မှ (၁၅.၃.၁၃)ရက်နေ့က ကလေး တက္ကသိုလ်တွင် သင်တန်းပေးခဲ့ကာ သင်ရိုးညွန်းတမ်းနှင့် စီဒီခွေများ ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ “အ” သုံးလုံး သင်ကြားပေးခြင်းသည် ၄၅ရက် ကြာမြင့်မည်ဖြစ်ပြီး ယခုမတ်လ ၂၉ရက်နေ့တွင် တီးတိန်မြို့နှင့် တမူးမြို့တွင် “အ”သုံးလုံး သင်တန်းဖွင့်ပွဲကို တပြိုင်နက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
The Myanma Age

No comments:

Post a Comment