Pages

Wednesday, March 20, 2013

ရှမ်းပြည်တပ်မတော်(RCSS/SSA)ရဲ့ ၀န်ခံသင့်တဲ့ လုပ်ရပ်များ

မတ်(၂၀)



ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရုံးမှာ SSA အဖွဲ့က လွန်ခဲ့တဲ့(၂)နှစ်ကျော်လောက်က ဖမ်းဆီးသွားခဲ့တဲ့ ကုမ္ပဏီ ၀န်ထမ်းတွေနဲ့ ပတ်သက်ပြီး မိသားစု ၀င်တွေ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျွန်တော်က ရပ်စောက်မြို့ ဈေးတန်းရပ်ကွက်ထဲမှာ နေတာကြောင့် သတင်းစာရှင်းလင်းပွဲလုပ်တဲ့ NLD ပါတီရုံး နဲ့ နီးပါတယ်။ “၂၀၁၂ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့က ကုမ္ပဏီကို နယ်ခံ SSA တပ်ရင်း(၁၉၈)က လာဝိုင်းပြီး ၀န်ထမ်း(၆) ယောက် ဖမ်းသွားခဲ့ပါတယ်။ အဲ့ဒီ(၆)ယောက်ထဲမှာ ကျွန်တော့်သား ပါသွားလို့ ကုမ္ပဏီကိုလာပြီး ပြန်ရွေးပေးဖို့ ပြောပါတယ်။ သူတို့တောင်း တဲ့ နှစ်စဉ်ကြေး က သိန်း(၇၀၀)၊ ကုမ္ပဏီက ပေးနိုင်တာက သိန်း(၁၀၀)ပါ။ အဲ့ဒီ သိန်း(၁၀၀)ယူပြီး ကုမ္ပဏီ မန်နေဂျာနဲ့ ကျွန်တော်တို့နှစ်ယောက် နယ်ခံ SSA တပ်ရင်း(၁၉၈)က ဗိုလ်စိုင်းကြာ ဆီကိုသွားခဲ့ပါတယ်။ ဒါပေမယ့် သိန်း(၇၀၀)မပြည့်လို့ သားကိုမလွှတ်ပေးတဲ့အပြင် မန်နေဂျာကိုထပ်ပြီး ဖမ်းထား လိုက်ပါတယ်။ အဲ့ဒီက ပြန်လာပြီး ကျွန်တော်လည်းနေ့တိုင်း သားအတွက် စိတ်ပူနေရတာပေါ့။ အခုလောက်ဆို အသက်ရော ရှင်သေးလားမသိပါဘူးဗျာ” ဟု ဖမ်းဆီးခံရတဲ့ ၀န်ထမ်းတစ်ဦးရဲ့ ဖခင်က ရင်ဖွင့်သွားခဲ့ တယ်လို့ သိရပါတယ်။

“ကျွန်မကတော့ သားကိုပဲပြန်လိုချင်တယ်၊ ကုမ္ပဏီက တာဝန်ရှိသူတွေအနေနဲ့ သားကိုလွတ်အောင် အမြန်ဆုံး လုပ်ပေးဖို့ပြောချင်ပါတယ်။ သူ့အတွက် မိသားစုဝင်အားလုံး စိတ်ပူနေရတာပေါ့” ဟု အဖမ်းခံရတဲ့ ၀န်ထမ်း တစ်ဦးရဲ့ မိခင်က ပြောပြသွားခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူမိဘများ၏ ရင်ဖွင့်စကားရုပ်သံကြည့်ရှုရန် -

ရှမ်းပြည်တပ်မတော်(RCSS/SSA) ကတော့ အဲ့ဒီကိစ္စကို ရူးချင်းယောင်ဆောင်လိုက်ပြန်ပါပြီ။ အဲ့ဒီကိစ္စ သူ့အောက်ကတပ်ဖွဲ့ကတွေ လုပ်တာဟုတ်၊ မဟုတ် စုံစမ်းဦးမယ်ဆိုပါလား။ သက်သေအထောက် အထားတွေ ရှိနေပြီပဲဗျာ။ အမှန်အတိုင်း ပြောလိုက်ပေါ့။ ငွေသိန်း(၇၀၀)ဆက်ကြေးတောင်းတာမရလို့ ၀န်ထမ်းတွေဖမ်း ထားပြီး ငွေညှစ်နေတာရှင်းနေတာဘဲဗျာ။ ကျွန်တော်က နယ်ခံဆိုတော့ သူတို့ အကြောင်း အူမချေးခါး အကုန်သိတာပေါ့ဗျာ။ ဒီရပ်စောက်မြို့နယ်ထဲက စီးပွားရေး လုပ်ငန်းရှင်အား လုံး နှစ်တိုင်းဆက်ကြေးပေးနေရတာပဲ။ မပေးချင်ပေမယ့် အသက်ကိုခြိမ်းခြောက် ထားတော့ ကြောက်ပြီးပေးရတာပေါ့။ ကျွန်တော့်သားနှစ်ယောက်ကိုလည်း ရှစ်တန်းလောက်ကတည်း က တောင်ကြီးမှာ ကျောင်းထားလိုက်တယ်။ အရွယ်ရောက်တဲ့ယောကျာင်္းလေးတွေဆိုရင် SSA အဖွဲ့က လူသစ် အဖြစ် ခေါ်နေကြလေ။ သူတို့ဖမ်းထားတဲ့ ၀န်ထမ်းတွေ ခုလောက်ဆို ရှမ်းပြည်တပ်မတော်ထဲမှာ စစ်သား ဖြစ်နေလောက်ပြီ။

No comments:

Post a Comment