Pages

Tuesday, April 23, 2013

ဆယ်ကျော်သက် တစ်ယောက် app တစ်ခုကြောင့် မီလျံနာဖြစ်လာ

ဧပြီ(၂၃)
ဗြိတိန်နိုင်ငံ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် လူငယ် လေး တစ်ဦး ဖြစ်ပါတယ်။ Nick D’Aloisio လို့ အမည်ရပါတယ်။

Summly လို့အမည်ရတဲ့ iPhone application လေး တစ်ခုဖန်တီးပြီး Apple store မှာ ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိ ခဲ့ပါတယ်။ Summly app ဟာ စာအကူဖတ်ပေးတဲ့ သူတစ်ယောက် အနေနဲ့ ကူညီပြီး ဘယ်လိုစာအုပ်မျိုးဖတ်သင့်တယ်။ ဘယ် ebook ဆိုဒ်ကိုဝင်ပြီဆိုရင် ကိုယ်က ဘယ်ဟာကို ရွေးသ့င်တယ်။ ကိုယ်ဝင်နေ ကျ ဆိုဒ်တစ်ခုကို ဝင်ပြီဆိုရင်တောင် ဘယ်သတင်းက ကိုယ့်အတွက် အဖတ်သင့်ဆုံး ဖြစ်မယ်ဆိုတာကို အလိုအလျောက် ရွေးချယ် ပေး သွားမှာ ဖြစ်ပါတယ်။

အသက် ငယ်သေးပေမယ့် ပရော်ဖက်ရှင်နယ် App developer/ Webmaster တွေတောင် မဖန်တီးနိုင်တဲ့ app ကိုဖန်တီးခဲ့ပြီး ဒေါ်လာ သန်း ၃၀ ကျော်ရရှိခဲ့တဲ့ Nick ဟာ စံပြလူငယ် တစ်ဦး ဖြစ်လာပါတယ်။

techblog Aung Kham (Stuff Myanmar)

No comments:

Post a Comment