Pages

Tuesday, April 23, 2013

လက်နက်တင်ပို့မှုမှအပ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူထားမှုများကို ရုပ်သိမ်း

ဧပြီ(၂၃)

ဥရောပသမဂ္ဂကလက်နက်တင်ပို့မှုမှအပ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူထားမှုများကို ရုပ်သိမ်းကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဥရောပသမဂ္ဂ၀န်ကြီးများအစည်းအဝေးက မြန်မာနိုင်ငံမှ သိသာထင်ရှားတဲ့ပြောင်းလဲမှုများ ဖြစ်ပေါ် ခဲ့ပြီး အဲဒါတွေဆက်လက်ဖြစ်ပေါ်နေမယ်လို့ မျှော်လင့်တဲ့အတွက် ဒီလိုဆုံးဖြတ်ရတာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်းဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိဂ်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးဆက်လက်ဆောင်ရွက်စရာ တွေရှိနေပေမယ့် အခုဖြစ်ပေါ်ခဲ့တဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဟာ သိသာထင်ရှားပြီး လေးနက်တဲ့အဓိပ္ပါယ်ဆောင် တဲ့အတွက် ပိတ်ဆို့မှုများကို အပြီးတိုင်ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ သူကပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေတိုးတက်ကောင်းမွန်စေဖို့ နဲ့ ပဋိပက္ခများဖြေရှင်းနိုင်ရေးအတွက် ဆက်လက် ကူညီ သွားမယ်လို့ လည်းပြောကြားခဲ့ပါတယ်။

ဒီသတင်းဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် သတင်းကောင်း ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ ပြီးခဲ့တဲ့ ဥရောပခရီးစဉ်ရဲ့အောင်မြင်မှုလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်များကို နားလည်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်နိုင်အောင် ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးခဲ့တဲ့ ဥရောပသမဂ္ဂကိုလည်း ကျေးဇူးတင်ပါတယ်။

စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့အခြေ အနေကောင်းများကို အသုံးချ ပြီး နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်၊ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် အောင် အားလုံးပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြပါစို့။

Ye Htut

No comments:

Post a Comment