Pages

Thursday, April 25, 2013

အင်းလေးဟိုတယ်ဇုန် မြေယာသိမ်းခံတောင်သူများ ကလောမြို့နယ် တရားရုံးကို လမ်းလျှောက်

ဧပြီ(၂၅)
ပုဒ်မ ၁၈၈၊ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုခံထားတဲ့ အင်းလေးဟိုတယ်ဇုန် မြေယာသိမ်းခံ တောင်သူ (၇) ဦး ကို ကလောမြို့နယ်တရားရုံး ဧပြီ ၂၆ ရက်နေ့ ရုံးချိန်းဆင့်ခေါ်ထားမှုကို အင်းလေးဒေသခံ တောင်သူ ၈၀ ကျော်ခန့်က လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ပါတယ်

ကလောမြို့နယ်တရားရုံးအထိ လမ်းလျှောက်မှုကို ညောင်ရွှေမြို့နယ် အင်းလေးဟိုတယ်ဇုန်ဒေသ အင်းကြင်းကုန်း၊ သလဲဦးကျေးရွာက တောင်သူတွေပါဝင်ခဲ့တယ်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့တွေ့ဆုံရာမှာ အင်းလေးတောင်သူတွေကို တရားစွဲဆိုထားတဲ့အမှုကို ပယ်ဖျက်ပေးဖို့နဲ့ အသိမ်းခံမြေတွေအတွက် ထိုက်တန်တဲ့လျော်ကြေးပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ တရားစွဲဆိုခံထားရတဲ့ အင်ကြင်းကုန်းရွာက တောင်သူ ကိုသိန်းထွန်းဦးက DVB ကိုပြောပါတယ်။

ဒီကနေ့ မနက် ၉ နာရီ ကျော်ကစပြီးညောင်ရွှေမြို့အဝင် ရွှေလဖုံးကျေးရွာအနီးက စတင်လမ်းလျှောက်လာတဲ့ အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာက ဒေသခံတောင်သူတွေကို မြို့နယ်ရဲ တပ်ဖွဲ့မှူးက ရှေ့ဆက်မသွားဖို့တားဆီးခဲ့ပေမယ့် ဆက်လက်ထွက်ခွာလာ ကြတာဖြစ်ပြီး ညောင်ရွှေမြို့နဲ့ ၄ မိုင် ခန့်ကွာဝေးတဲ့ ပေါရိသတ် ဆံရှင်မွေတော်ဘုရား အရောက်မှာ ပြည်နယ်ရဲမှူးကြီးက လာရောက် ညှ်ိနှိုင်းခဲ့ပါတယ်။်

အခုလုပ်ရပ်ဟာငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေနဲ့ မညီညွတ်တဲ့ အတွက် ရှေ့ဆက်သွားမယ်ဆိုရင် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူတွေအနေနဲ့ ကလော ရုံးချိန်းသွားမယ်ဆိုရင်လဲ ပုဂ္ဂိုလ်ရေးအရ ကားစီစဉ်ပေးမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဝင်းထွန်းက DVB ကို ပြောပါတယ်။

ညောင်ရွှေမြို့ကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်အ မတ် ဦးဖြိုးမင်းသိန်းကလည်း ဒေသခံတောင်သူတွေနဲ့ ပြည်နယ်ရဲမှူးကြီးတို့အကြား လာရောက်စေ့စပ်ညှိနှိုင်းပေး ခဲ့ပြီး ပြေလည်မှုတစ်ချို့ရရှိခဲ့ပါတယ်။
သတင်းဓါတ်ပုံ - ကိုဖိုးသား(တောင်ကြီး)
Myanmar Online News
အင်းလေးဟိုတယ်ဇုန် မြေယာသိမ်းခံတောင်သူများ ကလောမြို့နယ် တရားရုံးကို လမ်းလျှောက်
Thursday ,April25 ,2013

ပုဒ်မ ၁၈၈၊ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုခံထားတဲ့ အင်းလေးဟိုတယ်ဇုန် မြေယာသိမ်းခံ တောင်သူ (၇) ဦး ကို ကလောမြို့နယ်တရားရုံး ဧပြီ ၂၆ ရက်နေ့ ရုံးချိန်းဆင့်ခေါ်ထားမှုကို အင်းလေးဒေသခံ တောင်သူ ၈၀ ကျော်ခန့်က လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ပါတယ်။

ကလောမြို့နယ်တရားရုံးအထိ လမ်းလျှောက်မှုကို ညောင်ရွှေမြို့နယ် အင်းလေးဟိုတယ်ဇုန်ဒေသ အင်းကြင်းကုန်း၊ သလဲဦးကျေးရွာက တောင်သူတွေပါဝင်ခဲ့တယ်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့တွေ့ဆုံရာမှာ အင်းလေးတောင်သူတွေကို တရားစွဲဆိုထားတဲ့အမှုကို ပယ်ဖျက်ပေးဖို့နဲ့ အသိမ်းခံမြေတွေအတွက် ထိုက်တန်တဲ့လျော်ကြေးပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ တရားစွဲဆိုခံထားရတဲ့ အင်ကြင်းကုန်းရွာက တောင်သူ ကိုသိန်းထွန်းဦးက DVB ကိုပြောပါတယ်။

ဒီကနေ့ မနက် ၉ နာရီ ကျော်ကစပြီးညောင်ရွှေမြို့အဝင် ရွှေလဖုံးကျေးရွာအနီးက စတင်လမ်းလျှောက်လာတဲ့ အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာက ဒေသခံတောင်သူတွေကို မြို့နယ်ရဲ တပ်ဖွဲ့မှူးက ရှေ့ဆက်မသွားဖို့တားဆီးခဲ့ပေမယ့် ဆက်လက်ထွက်ခွာလာ ကြတာဖြစ်ပြီး ညောင်ရွှေမြို့နဲ့ ၄ မိုင် ခန့်ကွာဝေးတဲ့ ပေါရိသတ် ဆံရှင်မွေတော်ဘုရား အရောက်မှာ ပြည်နယ်ရဲမှူးကြီးက လာရောက် ညှ်ိနှိုင်းခဲ့ပါတယ်။်

အခုလုပ်ရပ်ဟာငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေနဲ့ မညီညွတ်တဲ့ အတွက် ရှေ့ဆက်သွားမယ်ဆိုရင် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူတွေအနေနဲ့ ကလော ရုံးချိန်းသွားမယ်ဆိုရင်လဲ ပုဂ္ဂိုလ်ရေးအရ ကားစီစဉ်ပေးမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဝင်းထွန်းက DVB ကို ပြောပါတယ်။

ညောင်ရွှေမြို့ကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်အ မတ် ဦးဖြိုးမင်းသိန်းကလည်း ဒေသခံတောင်သူတွေနဲ့ ပြည်နယ်ရဲမှူးကြီးတို့အကြား လာရောက်စေ့စပ်ညှိနှိုင်းပေး ခဲ့ပြီး ပြေလည်မှုတစ်ချို့ရရှိခဲ့ပါတယ်။

သတင်းဓါတ်ပုံ - ကိုဖိုးသား(တောင်ကြီး)

No comments:

Post a Comment