Pages

Thursday, April 25, 2013

သမီးဖြစ်သူ၏ ဘဝခရီးလမ်း အတွက် ဒေါ်လာ ၁၉၅ သန်း လက်ဖွဲ့ခဲ့သည့် တရုတ် နိုင်ငံမှ အာဂ ဖခင်

ဧပြီ(၂၅)
တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် သမီး ဖြစ်သူ၏ မင်္ဂလာပွဲတွင် သတို့သားနှင့် သတို့သမီးတို့ အတွက် ခန်းဝင် ပစ္စည်းများနှင့် မင်္ဂလာ စရိတ်အတွက် ယွမ် တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉၅ သန်း)သုံး စွဲခဲ့ကြောင်း သိရသည်။

ဝူကျူယန်ဘောင် ဆိုသူ အဆိုပါ စီးပွားရေး လုပ်ငန်းရှင်သည် သမီးဖြစ်သူ၏ မင်္ဂလာပွဲတွင် ရွှေသေတ္တာ လေး လုံးကို အနီရောင် ဖဲကြိုး စည်းနှောင်၍ လွှဲပြောင်း ပေးအပ်ခဲ့သည်။ သတို့သမီး၏ အမည်ကို ဖော်ပြ ထားခြင်း မရှိသော်လည်း အဆိုပါ စုံတွဲသည် ကလေးဘဝမှ စတင် သိကျွမ်းခဲ့ခြင်း ဖြစ်ပြီး အလယ်တန်းကျောင်း ကတည်း က အတန်းဖော်များ ဖြစ်ကြောင်း တရုတ် သတင်းဌာန များ၏ ဖော်ပြချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖော်ပြခဲ့သည်

မြ၀တီ

Read more>> http://bit.ly/10C2pET

No comments:

Post a Comment