Pages

Monday, April 29, 2013

စစ်တပ်မှ သံလွင်မြစ်အတွင်း တရားမ၀င်ရွှေတူးဖော်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီး


ဧပြီ (၂၉)

ယမန်နေ့ ည ၁၀နာရီခန့်က စစ်တပ်မှ သံလွင်မြစ်အတွင်း တရားမ၀င်ရွှေတူးဖော်နေသည့် တရုတ် နိုင်ငံသား များအားဖမ်းဆီးခဲ့ကြောင်းသိရှိရပါသည်။ ဒေသခံများ၏ သံလွင်မြစ်အတွင်းမှ တရုတ်က အဖွဲ့တွေလာပြီး ရွှေခိုးတူးနေကြောင်း စစ်တပ်ကို ပြောပြသည့်အတွက် စစ်တပ်မှ မနေ့ညက သွားရောက် ဖမ်းဆီး ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများထဲတွင် တရုတ်အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီ ၂ဦးပါဝင်ပြီး ဖမ်းဆီးသူများ ကို ခိုလမ်ရဲစခန်းကို သွားရောက်အပ်နှံခဲ့ကြောင်း သိရှိရပါသည်။



“ တရုတ်တွေက ခိုးပြီးတော့သံလွင်မြစ်အတွင်းမှာ လာပြီးရွှေလာ တူးတာလေ၊
ဒီကောင်တွေကို ပြောမရတော့ စစ်တပ်ကို သွားတိုင်ရတာပေါ့၊ စစ်တပ်ကတော့ သွားရောက်ဖမ်းဆီးပေးပြီး ရဲစခန်းကိုဘဲ သွားသွား အပ်တာ၊ မကြာခဏ စစ်တပ်က ရွှေခိုးတူးနေသည့် တရုတ်များကို ဖမ်းဆီးနေတာ” ဟု ခိုလမ်မှ ဦးဆိုင်းလန်းကပြောပြခဲ့ပါသည်။

တရုတ်တွေက ရွှေလာခိုးတူးမှုများ မကြာခဏဖြစ်ပေါ်နေပြီး ရွှေတူးခြင်းကြောင့် မြစ်ကြောင်းများ ပျက်စီးမှုများဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်နေသည့်အတွက် တာဝန်ရှိသူ တွေက ဖမ်းဆီးမှုများရှိနေသော်လည်း တရားမ၀င်ရွှေတူးဖော်မှုများ မကြာခဏကြားသိနေကြ ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment