Pages

Monday, April 29, 2013

တောင်ကြီးတွင် ဘိန်းမဲများ ဖမ်းဆီးရမိ


ဧပြီ (၂၉)

ယမန်နေ့ နေ့လည် ၁၁နာရီခန့်က တောင်ကြီးမူးယစ်အဖွဲ့မှ သတင်းအရစောင့်ချိန်နေချိန်အတွင်းတွင် တောင်ကြီးမြို့ အေးငြိမ်းသီတာလမ်းထိပ်တွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး
သယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။ မူးယစ်အဖွဲ့များစောင့်ဆိုင်းနေစဉ်အတွင်း wave ဆိုင်ကယ်ဖြင့် မောင်နှင် လာသူတစ်ဦအား စစ်ဆေးရာ ဆိုင်ကယ်အတွင်းတွင် ဆပ်ပြာဘူးအတွင်း ထည့်ထားသော ဘိန်းမဲများကို ဖမ်းဆီး ရမိခဲ့ကြောင်းသိရှိရပါသည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်ရောင်းဝယ်သူများကို မူးယစ် ဆေးဝါး ပပျောက်အောင် စွမ်းဆောင်မှု ကြောင့် မကြာခဏ ဖမ်းဆီးမှုများရှိနေကြောင်း ယခုလို ဖမ်းဆီးမှုများကို အမြဲတမ်းပြုလုပ်ပေးမှသာ မူးယစ် ဆေးဝါးကင်းစင်းမှာဖြစ်ကြောင်း အေးငြိမ်းသီတာရပ်မှ ဦးစိုးမောင်မှ ပြောပြခဲ့ပါသည်။ ဖမ်းဆီးရမိသူ ၂ဦးကို အေးသာယာရဲစခန်းတွင် ဖမ်းဆီးအရေးယူမှုများကို ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့နှင့် ရင်နှီးသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment