Pages

Tuesday, April 9, 2013

နှစ်နိုင်ငံတွင် တစ်ပြိုင်နက်တည်း နေနိုင်သည့် နေရာ

ဧပြီ(၉)
နိုင်ငံနှစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ခွရပ်လို့ ရတဲ့ နေရာ တကယ် ရှိပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ Baarle-Hertog မြို့ နဲ့ နယ်သာလန်နိုင်ငံ Baarle-Nassau မြို့ တို့ ထိစပ်နေတဲ့ နယ်စပ်ဖြစ်ပါတယ်။

ယင်းနယ်စပ်က ထူခြားပါတယ်။ Enclave and exclave လို့ခေါ်တဲ့ သူ့နယ်မှာ ကိုယ်မြေရှိ၊ ကိုယ့်မြေမှာ သူ့မြေရှိ ပုံစံမျိုးနဲ့ ဖြစ်ပြီး သူ့မြို့ ထဲမှာလည်း ဧကအနည်းငယ်ကို တစ်ဖက်စီက ပိုင်ဆိုင်နေကြပြန် ပါသေးတယ်။ ယနေ့တိုင် ပိုင်ဆိုင်မှု ရှုပ်ထွေးတဲ့ နေရာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီအတွက် နှစ်ဖက်လုံး အငြင်း မပွားပါဘူး။ ပိုင်ဆိုင်မှုများအတွက် သဘောတူညီကြပြီး သူ့နိုင်ငံလူက သူ့နိုင်ငံမှာ မှတ်ပုံတင်ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း စားသောက်ဆိုင် ဘေးမှာ နယ်ခြားထားတာကို ယခုလို မြင်တွေ့ရပါတယ်။

ဒီလိုထူးထူးခြားခြား နယ်မြေခြားပေမယ့် နှစ်ခုရောပြီး ထပ်နေတဲ့ Baarle-Hertog နဲ့ Baarle-Nassau မြို့ ငယ်လေးများဟာ ယနေ့တိုင် လူသိများပါတယ်။

သုတစွယ်စုံ

---
Ref: wiki
http://www.innewsmyanmar.com/2012/11/blog-post_23.html

Re-Post By ACM  9-4-2013
အေးချမ်းမွန် Credit & Copy From >သုတစွယ်စုံ << Thank

No comments:

Post a Comment