Pages

Tuesday, April 9, 2013

ဂျပန် တက္ကသိုလ်တွေက ဒေါ်စုကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးမယ်

ဧပြီ(၉)
ဒေါ်အောင်ဆန်းစုကြည်က လာမည့် စနေနေ့မှာ ဂျပန်နိုင်ငံကိုသွားရောက်ဖို့ ရှိ ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ Ryukoku တက္ကသိုလ်က ဒေါ်အောင်ဆန်း
စုကြည်ကို မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်း အလဲတွေ လုပ်ဆောင်
တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အပ်နှင်းမှာ ဖြစ်တယ်
လို့ သိရပါတယ်။

၁၉၈၅ ခုကနေ ၁၉၈၆ခုနှစ်တွေ အတွင်း ဒေါ်အောင်ဆန်းစုကြည်က ကျိုတို တက္ကသိုလ်မှာ သုတေသန ပြုလုပ် ခဲ့တဲ့ အတွက် ကျိုတို တက္ကသိုလ်ကလဲ သူ့ကို တက္ကသိုလ် ရဲ့ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ် ဂုဏ်ပြုဖို့ စီစဉ်နေတယ်
လို့လဲ သိရပါတယ်။

ဒေါ်အောင်ဆန်းစု ကြည်က ကျိုတို တက္ကသိုလ်မှာ သုတေသန ပြုလုပ်နေ
စဉ်အတွင်း Ryukoku တက္ကသိုလ်ကိုလဲ မကြာခဏသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Ryukoku တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ကို အပ်နှင်းဖို့ ဆုံးဖြတ်ချက် ချခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာ နိုင်ငံအဖို့ ဒီမိုကရေစီ ရ ရှိရေး အတွက် နှစ်ရှည်လများ ကြိုးပမ်းခဲ့ တာတွေ ကြောင့် ဖြစ်ပြီး တက္ကသိုလ်အနေနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး
ရရှိဖို့ ဆောင် ရွက်သူ တွေကို အားပေး ဂုဏ်ပြုလေ့ရှိတဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ဧပြီလ ၁၅ ရက်နေ့မှာ Ryukoku တက္ကသိုလ်ကို သွားရောက် ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံ ပြီး မိန့်ခွန်း ပြောကြားမှာဖြစ်တဲ့ အပြင် ကျောင်းသူကျောင်းသားတွေ နဲ့လဲ တွေ့ ဆုံ မှာဖြစ်ပါတယ်။

Myanmar International News
ဂျပန် တက္ကသိုလ်တွေက ဒေါ်စုကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးမယ်
Tuesday, 09 April 2013 

ABC Radio Australia

No comments:

Post a Comment