Pages

Sunday, April 28, 2013

မိဘအရင်းရှာနေသောမြန်မာအမျိုးသမီးငယ်တစ်ဦးဘန်ကောက်တွင် အသတ်ခံရ

ဧပြီ(၂၈)
ရန်ကုန်- ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိပြီး မိဘအရင်းကို ရှာဖွေနေသော မြန်မာ အမျိုးသမီးငယ်တစ်ဦးသည် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ခင်မင်ခဲ့သူတစ်ဦးကို ၎င်းနေထိုင်သည့် အခန်းတွင် ချိန်းဆိုတွေ့ဆုံခဲ့ရာမှ ပစ္စည်းလုယုကာ သတ်ဖြတ်ခံရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် (၂၆)နှစ်အရွယ်ရှိ မမြင့်မြင့်အေး(ခေါ်) မသဲသဲသော် ဆိုသူဖြစ်ပြီး ဘန်ကောက်မြို့ ဗန်မိုခေါင် ကုန်တိုက်တွင် အလုပ် လုပ်နေသည့် ၀န်ထမ်းတစ်ဦးဖြစ်ကာ ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့က အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအမျိုးသမီးငယ်အား သတ်ဖြတ်ခဲ့သည့် တရားခံကို
ဧပြီ ၂၄ ရက်တွင် ဘန်ကောက်မြို့တောင်ပိုင်း စမုပရာကန်ရပ်ကွက် ၌ ဖမ်းဆီးရမိထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ILO ရုံးမှ ၀န်ထမ်းကိုအောင်စိုးဦးက ပြောသည်။

သေဆုံးသည့် အမျိုးသမီးငယ်မှာ မိဘရင်းများမည်သူဖြစ်သည်ကိုမသိရှိဘဲငယ်စဉ်ကတည်းက မွေးစားမိဘ များနှင့် နေထိုင် ကြီးပြင်းခဲ့သူဖြစ်သည်။

ထို့ကြောင့် မိခင်ကို တွေ့မြင်ဖူးချင်လှ၍ ဧပြီ ၁၁ ရက်ကပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မိခင်ဖြစ်သူနှင့်တွေ့လိုပြီး သိရှိပါကဆက်သွယ်ရန် ဖေ့စ်ဘွတ်ခ်အသုံးပြု ရှာဖွေခဲ့သေးသည်။

သင်္ကြန်မတိုင်မီတစ်ရက်ကလည်း မြန်မာပြည်သင်္ကြန်ကို လွမ်းဆွတ်ကြောင်း စသည့်အကြောင်းအရာများကို ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသမီးထံမှ ငွေကြေးနှင့် ၎င်းကိုင်ဆောင်သည့် ဖုန်းတစ်လုံးအား တရားခံက ယူဆောင်သွားခဲ့ပြီး ၎င်းအားတွေ့ရှိချိန်တွင် ၀တ်လစ်စလစ်အနေအထားဖြင့် သေဆုံးလျက်ရှိကြောင်း ကိုအောင်စိုးဦးက ပြောသည်။

အဆိုပါ အမျိုးသမီးသေဆုံးမှုသတင်းအား မိုးဇေငြိမ်းအမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ဦးက ရေးသားခဲ့ပြီးနောက်ပိုင်းတွင် သေ
ဆုံးသူအမျိုးသမီး၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် မိတ်ဆွေများက ၀မ်းနည်းကြောင်း အမှတ်တရစာသားများ ရေးသားထားသည်ကို တွေ့
ရသည်။

ယင်းအမျိုးသမီးမှာ ဖေ့စ် ဘွတ်ခ်တွင် Sky Queen အမည် ဖြင့် အသုံးပြုလျက်ရှိပြီး ၎င်းင်း၏မိတ် ဆွေစာရင်းတွင် သူငယ်ချင်း ၂၀၀၀ နီးပါးရှိထားသူ တစ်ဦးဖြစ်သည်။

၎င်းအမျိုးသမီးငယ်၏ ရုပ်အလောင်းအား ဘန်ကောက်မြို့ စပန်ခွိုင်ရပ်ကွက် ၀ပ်ဖိုင်တန်ဘုန်းကြီး ကျောင်းတွင် ဧပြီ ၂၈ ရက် ညနေ ၂ နာရီအချိန်၌ သဂြိုဟ်မည်ဖြစ် သည်။

၎င်း၏မိဘမည်သူမည်ဝါ ဖြစ်သည်ကိုမသိရှိရသည့်အတွက်ထိုင်း နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ စောင့်ရှောက်ရေးကော်မတီမှ ဈာပနကိစ္စ၊အသက်အာမခံကိစ္စနှင့်အလုပ်လုပ်နေသည့်အလုပ်မှရပိုင်ခွင့်ကိစ္စများအား ဆောင်ရွက်ပေးလျက်ရှိနေကြောင်းအဆိုပါကော်မတီမှ အဖွဲ့ဝင်ဦးထွန်းနိုင်ကပြောသည်။

7Day News Journal
မိဘအရင်းရှာနေသောမြန်မာအမျိုးသမီးငယ်တစ်ဦးဘန်ကောက်တွင် အသတ်ခံရ

ရန်ကုန်- ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိပြီး မိဘအရင်းကို ရှာဖွေနေသော မြန်မာ အမျိုးသမီးငယ်တစ်ဦးသည် ဖေ့စ်
ဘွတ်ခ်မှတစ်ဆင့် ခင်မင်ခဲ့သူတစ်ဦးကို ၎င်းနေထိုင်သည့် အခန်းတွင် ချိန်းဆိုတွေ့ဆုံခဲ့ရာမှ ပစ္စည်းလုယုကာ သတ်ဖြတ်ခံရသည့် ဖြစ်ရပ်
တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် (၂၆)နှစ်အရွယ်ရှိ မမြင့်မြင့်အေး(ခေါ်) မသဲသဲသော် ဆိုသူဖြစ်ပြီး ဘန်ကောက်မြို့ ဗန်မိုခေါင် ကုန်တိုက်တွင် အလုပ် လုပ်နေသည့် ၀န်ထမ်းတစ်ဦးဖြစ်ကာ ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့က အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအမျိုးသမီးငယ်အား သတ်ဖြတ်ခဲ့သည့် တရားခံကို
ဧပြီ ၂၄ ရက်တွင် ဘန်ကောက်မြို့တောင်ပိုင်း စမုပရာကန်ရပ်ကွက် ၌ ဖမ်းဆီးရမိထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ILO ရုံးမှ ၀န်ထမ်းကိုအောင်စိုးဦးက ပြောသည်။

သေဆုံးသည့် အမျိုးသမီးငယ်မှာ မိဘရင်းများ မည်သူဖြစ်သည်ကို မသိရှိဘဲငယ်စဉ်ကတည်းက မွေးစားမိဘများနှင့် နေထိုင်ကြီးပြင်းခဲ့သူဖြစ်သည်။

ထို့ကြောင့် မိခင်ကို တွေ့မြင်ဖူးချင်လှ၍ ဧပြီ ၁၁ ရက်ကပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မိခင်ဖြစ်သူနှင့်တွေ့လိုပြီး သိရှိပါကဆက်သွယ်ရန် ဖေ့စ်ဘွတ်ခ်အသုံးပြု ရှာဖွေခဲ့သေးသည်။

သင်္ကြန်မတိုင်မီတစ်ရက်ကလည်း မြန်မာပြည်သင်္ကြန်ကို လွမ်းဆွတ်ကြောင်း စသည့်အကြောင်းအရာများကို ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသမီးထံမှ ငွေကြေးနှင့် ၎င်းကိုင်ဆောင်သည့် ဖုန်းတစ်လုံးအား တရားခံက ယူဆောင်သွားခဲ့ပြီး ၎င်းအားတွေ့ရှိချိန်တွင် ၀တ်လစ်စလစ်အနေအထားဖြင့် သေဆုံးလျက်ရှိကြောင်း ကိုအောင်စိုးဦးက ပြောသည်။

အဆိုပါ အမျိုးသမီးသေဆုံးမှုသတင်းအား မိုးဇေငြိမ်းအမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ဦးက ရေးသားခဲ့ပြီးနောက်ပိုင်းတွင် သေ
ဆုံးသူအမျိုးသမီး၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် မိတ်ဆွေများက ၀မ်းနည်းကြောင်း အမှတ်တရစာသားများ ရေးသားထားသည်ကို တွေ့
ရသည်။

ယင်းအမျိုးသမီးမှာ ဖေ့စ် ဘွတ်ခ်တွင် Sky Queen အမည် ဖြင့် အသုံးပြုလျက်ရှိပြီး ၎င်းင်း၏မိတ် ဆွေစာရင်းတွင် သူငယ်ချင်း ၂၀၀၀ နီးပါးရှိထားသူ တစ်ဦးဖြစ်သည်။

၎င်းအမျိုးသမီးငယ်၏ ရုပ်အလောင်းအား ဘန်ကောက်မြို့ စပန်ခွိုင်ရပ်ကွက် ၀ပ်ဖိုင်တန်ဘုန်းကြီး ကျောင်းတွင် ဧပြီ ၂၈ ရက် ညနေ ၂ နာရီအချိန်၌ သဂြိုဟ်မည်ဖြစ် သည်။

၎င်း၏မိဘ မည်သူမည်ဝါ ဖြစ် သည်ကို မသိရှိရသည့်အတွက် ထိုင်း နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ စောင့်ရှောက်ရေးကော်မတီမှ ဈာပန
ကိစ္စ၊ အသက်အာမခံ ကိစ္စနှင့် အလုပ်လုပ်နေသည့် အလုပ်မှ ရပိုင်ခွင့်ကိစ္စများအား ဆောင်ရွက်ပေးလျက်ရှိနေကြောင်းအဆိုပါကော်မတီမှ အဖွဲ့
ဝင်ဦးထွန်းနိုင်ကပြောသည်။

Re-Post By ACM 28-4-2013
အေးချမ်းမွန် Credit & Copy From >7Day News Journal <Thank

No comments:

Post a Comment