Pages

Sunday, April 28, 2013

တန့်ယန်းလမ်းခွဲအနီးတွင် ကားတိမ်းမှောက် လူ ၆ ဦးသေ

ဧပြီ(၂၈)

ဧပြီလ ၂၇ရက်နေ့ ညနေသုံးနာရီခွဲအချိန်ခန့်တွင် လားရှိုး-မန္တလေး အဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ်(၁၆၅/၄)ရှိ တန့်ယန်းလမ်းခွဲအနီး ခေးနင်းကျေးရွာ၊ ရေကျော်ခုံးတံတားအဆင်း တွင် နေပြည်တော်မှ လောက်ကိုင်မြို့သို့သွားသော ကားတစ်စီးတိမ်းမှောင့်ရာ ခရီးသည် ၆ဦး သေဆုံးကာ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့ခေတ်မှ စုံစမ်းသိရရှိသည်။

ထိုကားသည် တရုတ်ပြည် (SKAT) ကုမ္မဏီမှ ထုတ်လုပ်သော မြေ၊ သဲ၊ ကျောက်သယ်ဆောင်သော လေးတန်ခွဲဆန့် ကားဖြစ်ပြီး တိမ်းမှောက်ရသည့် အကြောင်းရင်းမှာ အရှေ့ဝန်ရိုးတန်းကြိုး၍ ဘီးပြုတ်ထွက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ လိုက်ပါသည့် ခရီးသည်များသည် နေပြည်တော်တိုင်းအတွင်းရှိ ကျေးရွာများတွင် နေထိုင်သော တောင်သူများဖြစ်ကာ စိုက်ပျိုးရေး လုပ်ငန်းများ အဆင်မပြေခြင်း၊ ကျေးရွာများတွင် အလုပ်အကိုင် ရှားပါခြင်းတို့ကြောင့် တရုတ်ပြည်နယ်စပ်၊ လောက်ကိုင်မြို့တွင် ပန်းရံလုပ်ငန်း သွားရောက်လုပ်ကိုင်ရန် လိုက်ပါလာသူများဖြစ်ကြောင်း ဒဏ်ရာရ ခရီးသည်များထံမှ သိရသည်။

တိမ်းမှောက်သည့် ယာဉ်အမှတ်မှာ (၁စ/၈..၅)ဖြစ်ပြီး ယာဉ်မောင်းသူမှာ ဦးဘိုဟိန်း ဖြစ်ကြောင်း၊ ပြည်တော်ခံကျေးရွာ၊ ရေပြာရိုးရပ်ကွက်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်တိုင်း တွင် နေထိုင်ကြောင်းသိရသည်။ ၎င်းယာဉ်မောင်းအား ယာဉ်(ပ) ၁၅/၂၀၁၃၊ ပစ်မှုပုဒ်မ ၃၃၇၊ ၃၃၈/၃၀၄(က)ဖြင့် လားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

ဒဏ်ရာရရှိသူများသည် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုမှုခံလျက်ရှိပြီး ဆေးဝါး၊ စားသောက်စရာနှင့် အ၀တ်အထည်းများ လိုအပ်နေကြောင်း ဆက်လက် သိရသည်။
Hot News

No comments:

Post a Comment