Pages

Monday, April 29, 2013

ရေကန်အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံး

ဧပြီ(၂၉)
တောင်ကြီးမြို့

၂၈-၄-၂၀၁၃ ရက်နေ့ ၁၅၃၅ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ နယ်မြေ(၁၅)ရှိ သဲကျင်းရေကန်တွင် ကလေးတစ်ဦး ရေနစ်သေဆုံးကြောင်းသတင်းအရ တောင်ကြီး အမှတ်(၂)ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ အကျယ်ပေ ၁၅၀ ခန့်၊ ရေအနက် ၂၀ ပေ ခန့်ရှိ သဲကျင်းရေကန်အတွင်း တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ(၁၆)နေ ဇေယျာထွန်း (၁၁)နှစ်အား ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကိုတွေ့ရှိရပြီး ထိုနေ့ ၁၅၀၀ အချိန်ခန့်တွင် သူငယ်ချင်းများနှင့်အတူ ရေကန်အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့်အလောင်းအားစပ်စံထွန်းဆေးရုံသို့ပို့အပ်ပြီး တောင်ကြီးအမှတ်(၂)ရဲစခန်း သေမှုသေခင်းအမှတ် စဉ်(၁၂/၂၀၁၃)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment