Pages

Monday, April 29, 2013

ဝတပ်ဖွဲ့၏အကူအညီဖြင့် KIA တပ်ဖွဲ့အတွင်းသေနတ်များကိုပြင်ဆင်

ဧပြီ(၂၉)


KIA တပ်ဖွဲ့ မှ တိုက်ပွဲအတွင်းပျက်စီးသွားသော လက်နက်များကို ပြန်လည်ပြန်ဆင်ရန်အတွက် “ ၀ ” တပ်ဖွဲ့မှ လက်နက် ကျွမ်းကျင်သူများနှင့် ပြင်ဆင်နေကြောင်းသိရှိရပါသည်။ “ ၀ ” တပ်ဖွဲ့မှ လက်နက် ကျွမ်းကျင် သူ ၂ဦးသည် လိုင်ဇာသို့ ဧပြီလ ၂၆ရက်နေ့ က ရောက်ရှိလာပြီး KIA တပ်ဖွဲ့များဖြင့် စခန်းတွေမှာ ပျက်စီးနေသော လက်နက်များကို လိုက်လံ ပြင်ဆင်နေကြောင်း၊ စခန်းတွေမှာရှိသည့် ဖွဲ့စည်းပုံအတိုင်း လက်နက် ခဲယမ်းများကိုဖြည့်တင်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း ဌာနချုပ်မှ အရာရှိ တစ်ဦး ၏ပြောပြချက် အရသိရှိရပါသည်။

“ တရုတ်မှ ကုန်သည်တွေနဲ့ ချိတ်ပြီး “ ၀ ” တပ်ဖွဲ့ ကလုတွေနဲ့ လက်နက်လာပြင်ခိုင်းတာပါ။ “ ၀ ” တွေက တရုတ်တွေ ဆီကနေ လက်နက်ပညာတွေပါ ရထားတော့ သူတို့အကူအညီယူရတာပေါ့ဗျာ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ကတည်းက စခန်းတွေကို လက်နက်ခဲယမ်းတွေဖြည့်ပေးနေတာ တရုတ်က ကုန်သည်တွေက ငြိမ်းချမ်းရေးကို လိုလားတဲ့ ပုံမပေါ်ပါဘူးဗျာ၊ ငါတို့ အောက်က လူတွေနဲ့ ဒီက လူတွေကတော့ စစ်မဖြစ် စေချင်တော့ ပါဘူး” ဟု ကိုဘရန်ခေါင်းက ပြောပြခဲ့ပါသည်။

KIA တပ်ဖွဲ့မှ တရုတ်ကုန်သည်များ၏အကူအညီဖြင့် “ ၀ ” နှင့်ပူးပေါင်းကာ စစ်ရေးပြင်ဆင်နေသည့် အတွက် ငြိမ်းချမ်းရေး ပျက်ပြား ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို လိုင်ဇာရှိဒေသခံများက စိုးရိမ်နေ ကြပါသည်။ အစိုးရတပ်နှင့် KIA တို့ မေလ ဆန်းပိုင်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထပ်မံပြုလုပ်မည်ဟု ကြားသိရသော်လည်း KIAတို့အနေနဲ့ စစ်ရေး ပြင်ဆင်မှုများ         ရှိနေသောကြောင့် ဒေသခံများက စိုးရိမ် မှုများ ဖြစ်နေ ရကြောင်း မဆိုင်းနန်းကပြောပြခဲ့ပါသည်။
 
ကချင်နေ့စဉ်သတင်း

No comments:

Post a Comment