Pages

Wednesday, April 10, 2013

ခရမ်းနွေနှင့် ဘေးကင်းပါစေ အတာရေ

ဧပြီ(၁၀)

မြနန္ဒာနှင့် ရေညိုညိုရစ်ကာ သန်းသော မန်းတောင်ရိပ်ခိုသီချင်း က ထီလှည်းပေါ်မှ လမ်းပေါ်လျှံကျ နေသည်။ လက်ချောင်းလေးများက အလိုအလျောက် ပေါင်ကိုပုတ်၍ စည်းချက်လိုက်မိသူကလိုက်၊ သီချင်း အတိုင်း လိုက်ညည်းမိသူက ညည်း နှင့်

ဓာတ်တစ်ပါးက လူအပေါင်းကို ကျကျနန စီးထားမိပြီဖြစ်သည်။ ဧပြီ ကာလ ချိန်ကျသောအခါဟု တကူး တကဆိုစရာမလို။ မြန်မာတို့၏ နှစ် သစ်ကူးသည့်တန်ခူးလ။ ပျိုပျို အိုအို ကိုကို မမ တိုင်းရင်းသားလူမျိုးပေါင်း စုံ အားလုံး သိမ်းကျုံးပျော်ကြသည့် ရေသဘင်ပွဲတော်

သင်္ကြန်သည် မကြာမီလာတော့မည် မဟုတ်လော။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် မှ ၁၃၇၅ ခုနှစ်သို့အပြောင်း ယခုနှစ် သင်္ကြန်စာကတော့ မည်သို့ဆိုသည် မသိ။
သိကြားမင်းသည်လည်း မည် သည့်ယာဉ်ကိုစီး၍ ဆင်းသည်မသိ။ တကယ်တော့ သိကြားမင်းမည်သည် ကိုစီး၍ ဆင်းသည်ဖြစ်စေ အရေး မကြီးပါ။ ကမ္ဘာကျော်သော ပျော်ရွှင် ဖွယ်မြန်မာ့ရိုးရာ သင်္ကြန်ပွဲအတွက် ပြည်သူပြည်သားအားလုံး၏ စိတ် ဝယ်

မည်သည့်စိုးရိမ်ထိတ်လန့်မှု အ ကြောက်တရားမှ မဖိစီးနေစေဖို့က သာ အရေးအကြီးဆုံး ဖြစ်ပါသည်။
Popular Myanmar News Journal

No comments:

Post a Comment