Pages

Wednesday, April 10, 2013

ဘင်္ဂလားဒေ့ရှ်က မိသားစု ၂၀ မြန်မာဘက် ပြောင်းရွှေ့

ဧပြီ(၁၀)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်မျိုးနွယ်စုဝင် မရမာကြီး မိသားစု ၂၀ သည် ဧပြီ ၉ ရက်နေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တော ဘက်သို့ ကူးပြောင်းလာကြောင်း မောင်တောမြို့နယ် ဗန္ဓုလကျေးရွာမှ မျက်မြင်တဦးကပြောသည်။ ပြောင်းရွှေ့အခြေချလာ သူများကို တောင်ပြို အခြေစိုက် အမှတ် ၁ နစက နယ်မြေမှ ကားဖြင့် လာရောက် ခေါ်ဆောင်းသွားကြောင်း သိရသည်။ ထိုမိသားစု ၂၀ မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း၊ ဘန်တရိုဘန်မြို့နယ် ရှောင်းဆီရီ (ရခိုင်ဝ) ကျေးရွာမှ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို နေအိမ်များဆီ မပို့သေးသော်လည်း လောလောဆယ် စားစရာများကို ကူညီပေးထားကြောင်း တောင်ပြိုမြို့နယ်ခွဲ အခြေစိုက် နစက တပ်ဖွဲ့ဝင် တဦးကလည်း ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်မျိုးနွယ်စုများသည် ဒေသတွင်း စီးပွားရေး အကျပ်အတည်းများကြောင့် ပြီးခဲ့ သည့်နှစ် နှစ်ကုန်ပိုင်းကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံဘက်ကို ပြောင်းရွှေ့ အခြေချမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။

ဧရာဝတီ

No comments:

Post a Comment