Pages

Tuesday, April 23, 2013

ဘော်စတွန်နှင့် တက္ကဆက် မြို့တို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု နှစ်ခုစလုံးမှ လွတ်မြောက်ခဲ့သော ကမ္မာ့ ကံအကောင်းဆုံး အမျိုးသား

ဧပြီ(၂၃)

အမေရိကန် နိုင်ငံမှ ဂျိုးဘာတီ အမည်ရှိ အမျိုးသား တစ်ဦးသည် ဧပြီ ၁၅ ရက်က ဘော်စတွန်မြို့ မာရသွန် အပြေး ပြိုင်ပွဲ၌ ဖြစ်ပွားခဲ့သည့် ဗုံး ပေါက်ကွဲမှုနှင့် တက္ကဆက် ပြည်နယ်တွင် ဓာတ်မြေသြဇာ စက်ရုံ ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ရာမှ အသက်ရှင် ကျန်ရစ် လွတ်မြောက် ခဲ့ပြီးနောက်
ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး အမျိုးသား တစ်ဦး ဖြစ်လာခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်၌ ဖော်ပြ ခဲ့သည်။ ဖြစ်ပွားပုံမှာ ဂျိုးဘာတီသည် မာရသွန် ပြေးပွဲ၏ ပန်းတိုင် အနီးတွင် ကြီးမားသော ပေါက်ကွဲမှု မဖြစ်ပွားမီ ၂ မိနစ်ခန့်၌ ပန်းဝင်နိုင် ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာ မရှိဘဲ လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း Mirror သတင်းဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။

ထို့နောက် မစ္စတာဘာတီသည် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တစ်ရက်၌ ဘော်စတွန်မှ တက္ကဆက်ရှိ ၎င်း၏ အိမ်သို့ ပြန်လာခဲ့သည်။ ၎င်းအိမ်သို့ ရောက်ရှိပြီး နောက်တစ်ရက်တွင် မစ္စတာဘာတီသည် အစည်း အဝေးမှ နေ အိမ်သို့ ပြန်အလာ ဓာတ်မြေသြဇာ စက်ရုံ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသောမီးခိုးလုံးများ ကိုတွေ့ရ၍ စူးစမ်း လေ့လာရန် မော်တော်ကားကို စက်ရုံအနီးသို့ မောင်းနှင်လာစဉ်တွင် ယင်းစက်ရုံမှ ဒုတိယ အကြိမ် ပေါက် ကွဲမှု ပေါ်ထွက်လာပြီး အကျိုးအပဲ့များ ၎င်းကားပေါ်သို့ ကျလာခဲ့ကြောင်း၊ သို့ရာတွင် ၎င်းသည် ဒဏ်ရာ အနာတရ မရှိဘဲအသက်ဘေးမှ ထပ်မံ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မြ၀တီ

http://bit.ly/11H5bma

No comments:

Post a Comment