Pages

Tuesday, April 23, 2013

တရုတ်နိုင်ငံ၏ ပထမဦးဆုံး လေယာဉ်တင် သင်္ဘော ပထမဆုံးအကြိမ် ပင်လယ်ရေကြောင်း ခရီးရှည် စေလွှတ်မည်

ဧပြီ(၂၃)
တရုတ် နိုင်ငံသည် လျောင်းနင် အမည်ရှိ ၎င်းတို့၏ ပထမဦးဆုံးသော လေယာဉ်တင် သင်္ဘော ကို တစ်နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ပင်လယ်ရေကြောင်း ခရီးရှည်စေလွှတ်သွားမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနကယခုသီတင်း ပတ် နှောင်းပိုင်း တွင် ပြောကြားထားသည်။
အဆိုပါ လေယာဉ်တင် သင်္ဘောကို တရုတ်အစိုးရက ယူကရိန်း နိုင်ငံမှ ဝယ်ယူထားပြီး တရုတ် နိုင်ငံတွင် ပြန်လည်ပြုပြင် မွမ်းမံထားခြင်း ဖြစ်သည်။

၎င်းသင်္ဘောအား ယမန်နှစ်က ဝယ်ယူခဲ့ပြီးသည့် နောက်ပိုင်းတွင် စမ်းသပ် စစ်ဆေးမှုနှင့် လေ့ကျင့်မှု အကြိမ် ၁ဝဝ ကျော် ပြုလုပ်ထားပြီး ဖြစ်သည်ဟုလည်း ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ထားသည်။

လျောင်းနင် လေယာဉ်တင် သင်္ဘောသည် အမေရိကန် နည်းပညာထက် ဆယ်စုနှစ်များ စွာ နောက်ကျ လျက်ရှိ နေသေးသော်လည်း တရုတ်နိုင်ငံ၏ ရေတပ်အင်အား တိုးချဲ့မှုကို ဖော်ညွှန်း ပြသလျက် ရှိသည်။

၎င်းသင်္ဘောသည် တရုတ်ရေတပ်၏ အောင်မြင်ရေး ပန်းတိုင်များကို ကိုယ်စား ပြုကြောင်း သိရသည်။ ထို့ပြင် ၎င်းသင်္ဘောသည် တရုတ်နိုင်ငံ၏ တစ်နှစ် ကျော်ကာလအတွင်း စစ်အင်အား တည်ဆောက်မှုတွင် အမြင်သာဆုံး အရာလည်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံ၏ ပထမဦးဆုံး လေယာဉ်တင် သင်္ဘော ပထမဆုံးအကြိမ် ပင်လယ်ရေကြောင်း ခရီးရှည် စေလွှတ်မည်

 တရုတ် နိုင်ငံသည် လျောင်းနင် အမည်ရှိ ၎င်းတို့၏ ပထမဦးဆုံးသော လေယာဉ်တင် သင်္ဘော ကို တစ်နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ပင်လယ်ရေကြောင်း ခရီးရှည် စေလွှတ်သွားမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ယခုသီတင်းပတ် နှောင်းပိုင်းတွင် ပြောကြားထားသည်။
 အဆိုပါ လေယာဉ်တင် သင်္ဘောကို တရုတ်အစိုးရက ယူကရိန်း နိုင်ငံမှ ဝယ်ယူထားပြီး တရုတ် နိုင်ငံတွင် ပြန်လည်ပြုပြင်မွမ်းမံထားခြင်း ဖြစ်သည်။

 ၎င်းသင်္ဘောအား ယမန်နှစ်က ဝယ်ယူခဲ့ပြီးသည့် နောက်ပိုင်းတွင် စမ်းသပ် စစ်ဆေးမှုနှင့် လေ့ကျင့်မှု အကြိမ် ၁ဝဝ ကျော် ပြုလုပ်ထားပြီး ဖြစ်သည်ဟုလည်း ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ထားသည်။

 လျောင်းနင် လေယာဉ်တင် သင်္ဘောသည် အမေရိကန် နည်းပညာထက် ဆယ်စုနှစ်များစွာ နောက်ကျလျက်ရှိ နေသေးသော်လည်း တရုတ်နိုင်ငံ၏ ရေတပ်အင်အား တိုးချဲ့မှုကို ဖော်ညွှန်း ပြသလျက် ရှိသည်။

 ၎င်းသင်္ဘောသည် တရုတ်ရေတပ်၏ အောင်မြင်ရေး ပန်းတိုင်များကို ကိုယ်စား ပြုကြောင်း သိရသည်။ ထို့ပြင် ၎င်းသင်္ဘောသည် တရုတ်နိုင်ငံ၏ တစ်နှစ် ကျော်ကာလအတွင်း စစ်အင်အား တည်ဆောက်မှုတွင် အမြင်သာဆုံး အရာလည်း ဖြစ်ကြောင်း သိရသည်။

http://bit.ly/11H2YXU

Re-Post By ACM 23-4-2013
အေးချမ်းမွန် Credit & Copy From >မြ၀တီ
<<Thank

No comments:

Post a Comment