Pages

Tuesday, April 2, 2013

တိုက်ချင်းပစ် အပါအ၀င် မည်သည့် ဒုံးလက်နက်မဆို ဖမ်းယူ နိုင်သည့် ရေဒါ ကို ဂျပန်မှာ တပ်ဆင်

ဧပြီ(၂)

တိုက်ချင်းပစ် အပါအ၀င် မည်သည့် ဒုံးလက်နက်မဆို ဖမ်းယူ နိုင်သည့် ရေဒါ ကို ဂျပန်မှာ တပ်ဆင်
Tuesday, 02 April 2013

မြေပြင်မှာ ဝေဟင် ၊ ဝေဟင်မှာ မြေပြင်အပါအ၀င် မည်သည့် ဒုံးလက်နက်၏ လှိုင်းကိုမဆို ဖမ်းယူရရှိ နိုင်သည့် ခောတ်မှီ X Band Radar ကိုအမေရိကန်
 အမှတ် ၇ ရေ တပ်မတော် တည်ရှိရာ ဂျပန် နိုင်ငံတွင် ချထားမည်ဟု ယနေ့ 
ပင်တဂွန် က အတည် ပြုသည်။ X Band သည် ဘက်စုံသုံးရေဒါ ဖြစ်ပြီး
ယခင်က အမေရိကန် နိုင်ငံတွင်း နှင့် အရှေ့ ဥရောပဉ်တပ်ဆင်ခဲ့သည်။ 
မည်သည့် တုန်ခါမှု လှိုင်းကိုမဆို ဖမ်းယူရရှိ နိုင်ပြီးမော် တော်ကား ၊ သင်္ဘော ၊
 လေယာဉ်ပျံ စသည်တို့ ၏ အမြန်နှုန်းလှိုင်းများကိုမဆို ဖမ်းယူရရှိ နိုင်သည့်
 ရေဒါ ဖြစ်သည်။ ရာသီဥတု နှင့် အမိန့် ပေးစနစ်ကိုလည်း ကျင့်သုံး နိုင်သည်။

မြောက်ကိုရီးယား၏ ဒုံးလက်နက် ခြိမ်းခြောက်မှု နှင့် တရုတ် နိုင်ငံ၏
ဒုံးလက်နက် ယှဉ်ပြိုင် နေမှုကို ကာကွယ်ရန် ဂျပန်တွင် တပ်ဆင် ခြင်း
ဖြစ်သည်။ ထိုသို့ တပ်ဆင်မှုသည် အာရှ ဒေသတွင် အမေရိကန်၏ 
ကာကွယ် ရေးစနစ်အဆင့် မြှင့်တင် ခြင်း၏ အစိတ်အပိုင်း ဖြစ်သည်။

X Band Radar တွင် ပါဝင် သောစနစ် တစ်ခုက ရန်သူ၏ ရေဒီယိုလှိုင်း
များကိုလည်း ကြား ဖြတ်ဖမ်းယူ နိုင်သည်။

ရန်သူ နိုင်ငံက ဒုံးလက်နက်ပစ်လွှတ်ခြင်းကို ရေဒါ က တွေ့ ရှိပါက တိုက်
ချင်းပစ်ဒုံးပျံများကို ကြား ဖြတ်ဟန့် တား နိုင်သည့် ဒုံးခွင်းဒုံး တပ်ဆင်ထား
သည့် သင်္ဘော သို့ မဟုတ် မြေပြင်တပ်ရင်းများသို့  တစ်စက္ကန့်  ၏ ၁၀ ပုံ 
၁ပုံအတွင်း အကြောင်း ကြား နိုင်သည်။

မြောက်ကိုရီးယား နိုင်ငံသည် ဒုံးလက်နက် စမ်းသပ်မှုများကို  ပြုလုပ်ကာ
ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံများကို ခြိမ်းခြောက်သည်။ တရုတ် နိုင်ငံ
ကမူ တိုက်ချင်းပစ်ဒုံးပျံများကို မကြာမှီ ပြစ်ချ နိုင် တော့မည်ဟု ဆိုသည်။

Freedom News Group(Burma)
မြေပြင်မှာ ဝေဟင် ၊ ဝေဟင်မှာ မြေပြင်အပါအ၀င် မည်သည့် ဒုံးလက်နက်၏ လှိုင်းကိုမဆို ဖမ်းယူရ ရှိ နိုင်သည့် ခေတ်မှီ X Band Radar ကိုအမေရိကန်အမှတ် ၇ ရေ တပ်မတော် တည်ရှိ ရာ ဂျပန် နိုင်ငံ တွင် ချထားမည်ဟု ယနေ့ ပင်တဂွန် က အတည် ပြုသည်။ X Band သည် ဘက်စုံသုံးရေဒါ ဖြစ်ပြီး
ယခင်က အမေရိကန် နိုင်ငံတွင်း နှင့် အရှေ့ ဥရောပဉ်တပ်ဆင်ခဲ့သည်။ 

မည်သည့် တုန်ခါမှု လှိုင်းကိုမဆို ဖမ်းယူရရှိ နိုင်ပြီးမော် တော်ကား ၊ သင်္ဘော ၊လေယာဉ်ပျံ စသည် တို့ ၏ အမြန်နှုန်းလှိုင်းများကိုမဆို ဖမ်းယူရရှိ နိုင်သည့်ရေဒါ ဖြစ်သည်။ ရာသီဥတု နှင့် အမိန့် ပေးစနစ် ကိုလည်း ကျင့်သုံး နိုင်သည်။

မြောက်ကိုရီးယား၏ ဒုံးလက်နက် ခြိမ်းခြောက်မှု နှင့် တရုတ် နိုင်ငံ၏ဒုံးလက်နက် ယှဉ်ပြိုင် နေမှုကို ကာကွယ်ရန် ဂျပန်တွင် တပ်ဆင် ခြင်းဖြစ်သည်။ ထိုသို့ တပ်ဆင်မှုသည် အာရှ ဒေသတွင် အမေရိကန် ၏ ကာကွယ် ရေးစနစ်အဆင့် မြှင့်တင် ခြင်း၏ အစိတ်အပိုင်း ဖြစ်သည်။

X Band Radar တွင် ပါဝင် သောစနစ် တစ်ခုက ရန်သူ၏ ရေဒီယိုလှိုင်းများကိုလည်း ကြား ဖြတ်ဖမ်း ယူ နိုင်သည်။

ရန်သူ နိုင်ငံက ဒုံးလက်နက်ပစ်လွှတ်ခြင်းကို ရေဒါ က တွေ့ ရှိပါက တိုက်ချင်းပစ်ဒုံးပျံများကို ကြား ဖြတ် ဟန့် တား နိုင်သည့် ဒုံးခွင်းဒုံး တပ်ဆင်ထားသည့် သင်္ဘော သို့ မဟုတ် မြေပြင်တပ်ရင်းများ သို့  တစ်စက္ကန့်  ၏ ၁၀ ပုံ ၁ပုံအတွင်း အကြောင်း ကြား နိုင်သည်။

မြောက်ကိုရီးယား နိုင်ငံသည်ဒုံးလက်နက်စမ်းသပ်မှုများကို ပြုလုပ်ကာဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံများ ကို ခြိမ်းခြောက်သည်။ တရုတ် နိုင်ငံကမူ တိုက်ချင်းပစ်ဒုံးပျံများကို မကြာမှီ ပြစ်ချ နိုင် တော့မည်ဟု ဆိုသည်
Myanmar International News

No comments:

Post a Comment