Pages

Tuesday, April 2, 2013

တိုင်းရင်းသားပါတီအချို့နှင့် အရပ်ဖက်လူမှု့အဖွဲ့အစည်းအချို့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေး

ဧပြီ(၂)

တိုင်းရင်းသားပါတီအချို့နှင့် အရပ်ဖက်လူမှု့အဖွဲ့အစည်းအချို့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေး

Re-Post By ACM 2-4-2013

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်ရှိ မြို့နယ်တချို့၌ ရေရှားပါးမှု ပြဿနာများ ဖြစ်ပွားလျက်ရှိပြီး ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ်နေရလျက်ရှိကြောင်း ယနေ့မနက် ဧပြီလ ၂ရက်နေ့ YMCA တွင်ပြုလုပ်သော မတူညီသည့် နိုင်ငံရေးပါတီတချို့နှင့် အရပ်ဖက်အဖွဲ့ အစည်းတချို့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ဝင် တဦးက ပြောကြားသည်။

“အခုဆိုရင် ရှမ်းပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာက ရေရှားပါးမှုပါပဲ။ ပြီးတော့ ကျွန်မတို့ အဓိကပြောပြချင်တာက သတင်းမီဒီယာတွေကို တင်ပြချင်တာပါ။ အခုလက်ရှိ ရှမ်းပြည်နယ်မှာ လူငယ်တွေ တော်တော် များများဟာ တရုတ်နိုင်ငံဘက်ကိုပဲ အလုပ်လုပ်ကိုင်နေကြတဲ့အတွက် တချို့မြို့တွေရွာတွေမှာ လူငယ်အင်အားအနေနဲ့ မရှိသလောက်ဖြစ်နေပြီး သက်ကြီးရွယ်အိုတွေပဲ ကျန်ပါတော့တယ်။ နောက်ပြီး ရှမ်းပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်နေရပါသေးတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်ရှိသူ တစ်ဦးကလည်း ဖက်ဒရယ်မူနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်နှင့် ရပ်တည်ချင်သည်ဟု တင်ပြဆွေးနွေးသွားပြီး လက်ရှိအချိန်အထိ ကရင်လက်နက် ကိုင်အဖွဲ့ တစ်ခုဖြစ်သော KNPP နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ အပစ်အခတ် သဘောတူညီချက် ယူထားသည့် အချက်များထဲမှ တချို့ အချက် အလက်များအား အစိုးရငြိမ်းချမ်းရေးအဖွဲ့အနေဖြင့် ချိုးဖောက်လျက်ရှိပြီး လက်ရှိ ကယားပြည်နယ်တွင် လုပ်ကိုင်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်း ပွင့်လင်းမှုမရှိကြောင်း ထည့်သွင်းဆွေးနွေးသည်။

ယင်းသို့ မတူညီသည့် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့တို့တွေ့ဆုံမှု၌ နိုင်ငံရေးပါတီများအဖြစ် ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ နိုင်ငံရေးပါတီဝင်များ တက်ရောက်ကြပြီး အဆိုပါ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲအား ၂ရက်ကြာပြုလုပ်မည်ဖြစ်ကာ ဗေဒါနိုင်ငံရေး သင်တန်းကျောင်းမှ ဦးစီး၍ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

မြန်မာ့ခေတ်

Re-Post By ACM 2-4-2013
အေးချမ်းမွန် Credit & Copy From >>မြန်မာ့ခေတ်<< Thank
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်ရှိ မြို့နယ်တချို့၌ ရေရှားပါးမှု ပြဿနာများ ဖြစ်ပွားလျက်ရှိပြီး ငြိမ်းချမ်းရေး ကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ်နေရလျက်ရှိကြောင်း ယနေ့မနက် ဧပြီလ ၂ရက်နေ့ YMCA တွင်ပြုလုပ်သော မတူညီသည့် နိုင်ငံရေးပါတီတချို့နှင့် အရပ်ဖက်အဖွဲ့ အစည်းတချို့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ဝင် တဦးက ပြောကြားသည်။

“အခုဆိုရင် ရှမ်းပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာက ရေရှားပါးမှုပါပဲ။ ပြီးတော့ ကျွန်မတို့ အဓိကပြောပြ ချင်တာက သတင်းမီဒီယာတွေကိုတင်ပြချင်တာပါ။အခုလက်ရှိရှမ်းပြည်နယ်မှာလူငယ်တွေ  တော်တော် များများဟာ တရုတ်နိုင်ငံဘက်ကိုပဲ အလုပ်လုပ်ကိုင်နေကြတဲ့အတွက် တချို့မြို့တွေရွာတွေမှာ လူငယ် အင်အားအနေနဲ့ မရှိသလောက်ဖြစ်နေပြီး သက်ကြီးရွယ်အိုတွေပဲ ကျန်ပါတော့တယ်။ နောက်ပြီး ရှမ်းပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်နေရပါသေးတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကယားပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ တာဝန်ရှိသူ တစ်ဦးကလည်း ဖက်ဒရယ်မူနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်နှင့် ရပ်တည်ချင်သည်ဟု တင်ပြဆွေးနွေးသွားပြီး လက်ရှိအချိန်အထိ ကရင်လက်နက် ကိုင်အဖွဲ့ တစ် ခုဖြစ်သော KNPP နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ အပစ်အခတ် သဘောတူညီချက် ယူထားသည့် အချက်များထဲမှ တချို့ အချက် အလက်များအား အစိုးရငြိမ်းချမ်းရေးအဖွဲ့အနေဖြင့် ချိုးဖောက် လျက်ရှိပြီး လက်ရှိ ကယားပြည်နယ်တွင် လုပ်ကိုင်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်း ပွင့်လင်းမှုမရှိကြောင်း ထည့်သွင်းဆွေးနွေးသည်။

ယင်းသို့ မတူညီသည့် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့တို့တွေ့ဆုံမှု ၌ နိုင်ငံရေးပါတီများအဖြစ် ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ နိုင်ငံရေးပါတီဝင်များ တက်ရောက်ကြပြီး အဆိုပါ အလွတ် သဘောတွေ့ ဆုံ ဆွေးနွေးပွဲအား ၂ရက်ကြာပြုလုပ်မည်ဖြစ်ကာ ဗေဒါနိုင်ငံရေး သင်တန်းကျောင်းမှ ဦးစီး၍ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

မြန်မာ့ခေတ်


No comments:

Post a Comment