Pages

Monday, April 22, 2013

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ်

ဧပြီ(၂၂)

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ စွမ်းရည်မြင့်တင်ရေးနဲ့ ကွန်ပြူတာဆိုင်ရာတွေမှာ တိုးတက်အောင် ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု လမ်း စ တွေ ဖြစ်ပေါ် ပြီးနောက် နိုင်ငံ
တကာက မြန်မာနိုင်ငံမှာ တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်နေချိန်မှာပဲ အိန္ဒိယ နိုင်ငံကလည်း ဝင်ရောက် လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရဲ့ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ S Ramdorai က ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်သွားမှာ
ဖြစ်တယ်လို့ ဟိန္ဒူစတန်ထိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုပါ ကူညီမှာဖြစ်သလို နာဂ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖာလာစေ့စိုက်ပျိုးမှု တိုးတက်အောင် ပူးပေါင်း လုပ်ဆောင်ကြဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စွမ်းရည်ဖွံ့ဖြိုးမှုလုပ်ငန်း လုပ်နိုင်ဖို့အတွက် အိန္ဒိယ-မြန်မာ စက်မှုဆိုင်ရာ သင်တန်းစင်တာကို ပုခုက္ကူမြို့မှာ ဖွင့်လှစ်ပြီး မြင်းခြံမြို့မှာ
လည်း ဖွင့်လှစ်ဖို့ ရှိကြောင်းသိရပါတယ်။

အဲ့ဒါ့အပြင် အင်္ဂလိပ်စာသင်တန်းကျောင်းတွေ၊ ကွန်ပြုတာဆိုင်ရာစင်တာတွေ
လည်း ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ဆက်သွယ်ပေး
တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။
Myanmar International News

ABC Radia Australia

No comments:

Post a Comment