Pages

Monday, April 22, 2013

တရုတ်နိုင်ငံငလျှင်ကြောင့် အနည်းဆုံး လူ၂၀၀ကျော်သေဆုံး

ဧပြီ(၂၂)

တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက လှုပ်ခတ်ခဲ့တဲ့မြေငလျှင်ဟာ ပြင်းအား ၇ ရှိပြီး တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းမှာရှိတဲ့ Sichaun ပြည်နယ်ထဲမှာ
ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Sichaun ပြည်နယ်ထဲမှာရှိတဲ့ လူရှန်နဲ့ လောင်မင် မြို့တွေဟာ ငလျှင်ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး အိမ်ခြေပေါင်း တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့
သိရပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက ငလျှင်ဒဏ်ခံခဲ့ရသူတွေကို ကူညီကယ်ဆယ်နေကြပြီး အခုဆိုရင် ငလျှင်ဒဏ်ပြင်းထန်ဆုံးခံခဲ့ရတဲ့
နေရာတွေဖြစ်တဲ့ Baoxing မြို့ကို ရောက်ရှိနေပြီးလို့လည်း သိရပါတယ်။ ငလျှင်ဒဏ်ကြောင့် မြေပြိုတာတွေ လျှပ်စစ်မီးပျက်စီးတာတွေကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက တချို့နေရာတွေကို ခြေလျှင်နဲ့ သွားရောက်ကူညီရတယ်လို့ဆိုပါတယ်။

တရုတ်အစိုးရရုပ်မြင်သံကြားသတင်းက ကူညီကယ်ဆယ်ရေးလုပ်သားတွေ
အနေနဲ့ အခုဆိုရင် ငလျှင်ဒဏ် အပြင်းထန်ဆုံးခံရတဲ့ Baoxing မြို့ကို
ခြေလျှင်နဲ့ရောက်ရှိနေပြီးလို့ ဖော်ပြထားပေမယ့် ဆက်သွယ်ရေးလုပ်ငန်းတွေ
ထိခိုက်ထား တာတွေကြောင့် ပုံတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးလို့ ဆိုပါတယ်။

ကူညီ ကယ်ဆယ်ရေးအတွက် စစ်သားပေါင်း တစ်သောင်းခုနှစ်ထောင်နဲ့ ရဲတွေကိုလည်း ပို့ထားတယ်လို့သိရပါတယ်။

ABC Radia Australia

No comments:

Post a Comment